Unicode - 33

10.1K 868 205
                                    

အသိစိတ်အား စူးရှစွာ ပွတ်တိုက်သွားသော ခိုင်မာ ရဲရင့်သည့် အရာ တစ်ခုကြောင့် နေသူရိန်မင်းခန့် လှမ်းနေသော ခြေလှမ်းကို ရပ်တန့်ပစ်လိုက်သည်။ ရပ်လိုက်တော့မှ မနေ့က ဖြစ်ရပ်ကို သတိရသွားသည်။

အနမ်း . . ။

အကြည့် . . ။

မျက်ဝန်း . . ။

မျက်နှာရှင် . . ။
    
အသိစိတ် ကင်းမဲ့မှု။

နေသူရိန်မင်းခန့် ထိတ်ခနဲ ဖြစ်သွားသည်။

နေရောင်ဖျော့ဖျော့ အောက်မှာ မနက်ခင်း အလင်းရောင်ဖြင့် ရှားရှားပါးပါး အရောင် လက်နေသည့် မျက်ဝန်း တစ်စုံ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရတာကြောင့် ဖြစ်သည်။ သို့ရာတွင် စူးရှသော မျက်လုံးများသည် မနေ့ညက တုန်လှုပ်ခဲ့သော မျက်လုံးများနှင့် မတူ။ ခမ်းနားစွာ တောက်ပနေသည့် ရဲဝံ့မှုများ ပြည့်လျှံလျက် ရှိသည်။

နေသူရိန်မင်းခန့်၏ အသိစိတ်ကို လှုပ်နှိုးလိုက်သော အရာကလည်း ထိုမျက်လုံးများသာ ဖြစ်သည်။
    
ဒီနေ့က သူ့အတွက် ပြဿဒါးများ ဖြစ်နေသလား။ နေသူရိန်မင်းခန့် တွေးရင်း မျက်ဝန်း ပိုင်ရှင်ကို လှမ်းကြည့်လိုက်သည်။

"ခွင့် မတောင်းဘဲ ဒီမှာ ထိုင်မိတာ . . ပြဿနာတော့ မရှိပါဘူးနော်"

မေ Scarlett စကား စလာသည်။
နေသူရိန်မင်းခန့် ချက်ချင်း တုံ့ပြန်လိုက်သည်။

"တံခါးတောင် ဖွင့်ထားပေးပြီးပြီပဲ၊ တံခါး ခေါက်ဖို့ လိုသေးလို့လား"

"အို . . အဖြစ် မသည်းပါနဲ့ရှင်၊ မေလေး ကိုနေရဲ့ အိမ်ကို ရောက်ဖူးတာ . . ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး"

နေသူရိန်မင်းခန့် ဆိုဖာမှာ ထိုင်မိလား၊ မထိုင်မိလား မသိလိုက်။

မေ Scarlett ဘာပြောလိုက်ပါလိမ့်။

နေသူရိန်မင်းခန့် မျက်နှာချင်းဆိုင်သို့ ကြည့်လိုက်မိသည်။ သူမက ဧည့်ခန်း ထိုင်ခုံမှာ ခြေ တစ်ဖက် ချိတ်လျက် အေးဆေးစွာ ထိုင်နေသည်။

SUN { Season 1 }Where stories live. Discover now