Unicode - 63

6.1K 475 75
                                    

မိသားစု ဆရာဝန် ဒေါက်တာ ခမ်ဂျီ၏ ညွှန်းဆိုမှုဖြင့် " နွေဦး တစ်ထောင် " သားဖွား ဆေးရုံသို့ သူတို့ ရောက်သွားသော အချိန်တွင် မနက် ကိုး နာရီ လေးဆယ့် ငါး မိနစ်ပဲ ရှိသေးသည်။

ဝေယံ လက်ကို ဆွဲလျက် ဆေးရုံ အဝင် ကောင်တာမှ သူနာပြုမလေး တစ်ယောက်ဆီ နေသူရိန်မင်းခန့် ချက်ချင်း လျှောက်သွားလိုက်သည်။

"တစ်ဆိတ်လောက် . ."

"ဟိုက် . . ၊ ဘာများ ကူညီရမလဲရှင့်"

"ဒေါက်တာ ဟန်နာရီကိုနဲ့ တွေ့ချင်လို့ပါ"

"ကြိုတင် ချိန်းဆိုထားပြီးသားလား"

"ဟုတ်ပါတယ်"

"လူကြီးမင်းရဲ့ နာမည်လေး တစ်ချက်လောက် ပြောပါရှင့်"

"အဲလက်စ် ဗစ်တာပါ"

သူနာပြုမလေးက ကောင်တာမှ ကွန်ပျူတာကို နှိပ်လျက် အချက်အလက် တချို့ကို စစ်ဆေးသည်။ အားလုံး ကြည့်ရှုပြီးသော် ပြုံးလျက် လမ်းညွှန်ပေးသည်။

"ဟိုက် . . ၊ စင်္ကြံလမ်းအတိုင်း လျှောက်သွားပါ၊ ညာဘက် ပထမဆုံး အခန်းက ဒေါက်တာ ဟန်နာရီကိုရဲ့ ရုံးခန်းပါပဲ၊ ဧည့်သည် မရှိဘူး၊ ဝင်သွားလို့ ရတယ်"

"ကျေးဇူးတင်ပါတယ်"

နေသူရိန်မင်းခန့် သူနာပြုမလေးကို ကျေးဇူးတင် စကား ဆိုလိုက်သည်။ သူ၏ ကျေးဇူးတင်မှုကို သူနာပြုမလေးက ခါး အနည်းငယ် ကိုင်းလျက် ဦးညွှတ်ကာ တုံ့ပြန်၏။

"ဟိုက်"
    
"ယံ သွားရအောင် . ."

နေသူရိန်မင်းခန့် ဦးဆောင်၍ ဒေါက်တာ ဟန်နာရီကို၏ ရုံးခန်း ရှိရာသို့ လျှောက်သွားလိုက်သည်။ သူတို့ နှစ်ယောက်၏ ဖိနပ်သံမှာ ကွန်ကရစ် ကြမ်းပြင်တွင် တတောက်တောက် မြည်နေသည်။ စင်္ကြံအတိုင်း သွားရာ လမ်းတစ်လျှောက်တွင် ကိုယ်ဝန်ဆောင် မိခင်နှင့် လူနာရှင် အချို့ကို ဖြတ်ကျော်ခဲ့ရသည်။ အားလုံးက မိန်းမသားများပဲ ဖြစ်သည်။ ဤဆေးရုံတွင် ယောကျာ်းသား ဟူ၍ သူတို့ နှစ်ဦးပဲ ရှိမည် ထင်သည်။

SUN { Season 1 }Where stories live. Discover now