Season ( 2 )

18.5K 823 670
                                    

အားလုံးပဲ မင်္ဂလာပါ။

နောက်ဆုံးတော့ ကိုယ် 4 နှစ်နီးပါး ထွေးပိုက်ထားခဲ့ရတဲ့ SUN ဟာ ဒီနေ့မှာပဲ ဇာတ်သိမ်းသွားခဲ့ပါပြီ။ SUN ကို စတင် ရေးသားခဲ့ချိန်က 2.8.2019 ဖြစ်ပြီး 26.12.2021 မှာ ရေးသားလို့ ပြီးစီးခဲ့ပါတယ်။ ရေးသားချိန် စုစုပေါင်း 3 နှစ်နီးပါး ကြာမြင့်ခဲ့တယ်။

Wattpad Platform ပေါ် စတင်ချိန်ကတော့ 4.2.2022 ဖြစ်ပြီး 3.11.2022 မှာ အပိုင်း အားလုံး တင်လို့ ပြီးစီးခဲ့တယ်။

Wattpad ပေါ် ဖြတ်သန်းခဲ့ရတဲ့ 10 လတာ ကာလ ဆိုတဲ့ ခရီးရှည်ကြီးထဲ ဇာတ်လမ်း အစကနေ အဆုံးအထိ လိုက်ပါ စီးမျောပေးကြသူ၊ ဇာတ်ကောင်တွေကို ချစ်မြတ်နိုးပေးကြသူ အားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

တကယ်လို့ SUN ဇာတ်လမ်းနဲ့ ပတ်သက်ပြီး စာဖတ်သူတွေဘက်က ကိုယ့်ကို ပြောချင်တဲ့ စကားတွေ ရှိရင်၊ အပြု သဘောဆောင်တဲ့ ဝေဖန် ထောက်ပြမှုတွေ ရှိရင် ကိုယ့်ကို ပြောပြသွားလို့ ရပါတယ်။ အလေးအနက်ထားစွာ နားထောင်ပေးပါ့မယ်။

နောက်ဆုံး အသိပေးချင်တာ တစ်ခုကတော့ နေမင်းကြီးတို့ အတွဲကို မခွဲနိုင်သေးတဲ့ စာဖတ်သူတွေအတွက် Season 2 ဆက်တင်ပေးသွားဖို့ ရှိပါတယ်။

SUN ( Season 2 ) ကို နေမင်းကြီးရဲ့ မွေးနေ့ ဖြစ်တဲ့ 19.7.2023 မှာ Update လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီတော့ စောင့်မျှော်ပေးကြပါဦးနော်။

အားလုံးပဲ သာယာ အေးချမ်းတဲ့ နေ့လေး ဖြစ်ပါစေ။

SUN { Season 1 }Where stories live. Discover now