{3}

15.7K 1.7K 59
                                    

Unicode

ကျိချင်းကျိုးသည် မှန်ရှေ့မှာရပ်ပြီးသူ့ကိုသူကြည့်လိုက်သည်။သူ့ရဲ့မျက်နှာက အရမ်းကျေနပ်ဖို့ကောင်းတယ်။ဆံပင်နက်နက်လေးများနဲ့ သူ့မျက်လုံးတွေက အေးစက်ပြီး အပေါ်ဘက်ကိုကွေးညွှတ်ကာ အနည်းငယ် မာနကြီးသလိုမျိုးပင်။ဒီမျက်နှာက သူနဲ့လုံဝဆင်တူနေတာကိုတွေ့လိုက်ရ၍ ကျိုချင်းကျိုး အံ့ဩသွားခဲ့တယ်။နာမည်တွေတူတယ်၊မျက်နှာတွေတူတယ်၊သူနဲ့မူလပိုင်ရှင်က တကယ်ကြီးကံစပ်နေတာဘဲ။

ချူချန်ရဲ့ဆိုးဝါးတဲ့အပြုအမူတွေကို  ရပ်တန့်အောင် သူဘယ်လိုလုပ်ရမလဲဆိုတာအဆက်မပြတ်စဉ်းစားရင်းရေချိုးခန်းထဲဝင်လိုက်ပြီးရေပန်းအောက်မှာရပ်လိုက်တယ်။
ချူချန်နဲ့မူလပိုင်ရှင်သာအစတည်းက အချစ်စာချုပ်,ချုပ်ဖို့ဆုံးဖြတ်ထားရင်ကောင်းမှာပဲလို့ ကျိချင်းကျိုးတွေးလိုက်တယ်။ဘာဖြစ်ဖြစ်သူလည်း ယောင်္ကျားလေးတွေကြိုက်တာဘဲလေ။တစ်ခါမှ ဆက်ဆံရေးမရှိခဲ့ဘူးပေမယ့်ပေါ့။ဒါပေမယ့် ဆက်ဆံရေးတစ်ခုရှိလာမှာကိုလည်း သူမငြင်းဆန်ပါဘူး။ချူချန်သာ သူနဲ့ကြိုးစားကြည့်ချင်ရင်သူလည်းကြိုးစားကြည့်မှာ။

ဖြစ်ချင်တော့ ချူချန် နဲ့မူလပိုင်ရှင်'ကျိချင်းကျိုး'တို့သဘောတူညီချက်က အလွန်ညစ်ညမ်းတဲ့ထောက်ပံ့စရိတ်စာချုပ်ဆိုတာရှင်းနေတာပဲ။သူက အခုထိအချစ်ကြောင်းမပြောခဲ့ဘူး။သူဘယ်တော့မှတစ်ခြားတစ်ယောက်နဲ့မပတ်သတ်ချင်ခဲ့ဘူးလား။ဒီနေ့ သူနဲ့ချူချန်စတွေ့တာပထမဆုံးအကြိမ်ဖြစ်ပြီး ဘဝရဲ့သာယာနာပျော်ဖွယ်သံစဉ်တွေသီဆိုတီးမှုတ်ဖို့ တန်းသွားရတော့မယ်။
ဒီနှုန်းက အရမ်းကိုမြန်လွန်းနေတာမဟုတ်ဘူးလား?
သူသာရေချိုးခန်းထဲကလုံးဝမထွက်ဘဲအကြာကြီးနေလိုက်ရင် မစ္စတာချူချန်စိတ်ဆိုးသွားလိမ့်မယ်လို့ခံစားလိုက်ရတယ်။

ဘာလိုများသူ့ဆံပင်ခြောက်အောင်မှုတ်ခဲ့ရတာလဲ၊အကြိမ်များကြီးအသက်ရှူလိုက်ပြီး သက်ပြင်းချလိုက်ကာ တံခါးလက်ကိုင်ဖုကိုဖိပြီးတွန်းလိုက်တော့ ရေချိုးခန်းတံခါးလည်းပွင့်သွားသည်။

သူငယ်ချင်းတွေနဲ့စကားပြောနေတဲ့ချူချန်က အသံကြားပြီးလှည့်ကြည့်လိုက်တော့ကျိချင်းကျိုးကိုတွေ့ပြီးသူ့ကိုကြည့်နေတုန်း အာရုံကြောတွေသတိမထားမိဘဲရပ်တန့်သွားတာကိုတွေ့လိုက်ရတယ်။
သူတယ်ကြီးရေချိုးလာလိမ့်မယ်လို့ချူချန် မမျှော်လင့်ထားခဲ့။အရင်ကမှ ကျိချင်းကျိုး‌ ဟိုတယ်အဆောက်ဦးက နေအတော်လေးခုန်ချချင်နေတာလေ။ကျိချင်းကျိုးတော့ ရေချိုးခန်းထဲမှာဘဲအချိန်ဆွဲပြီးထွက်လာမှာမဟုတ်ဘူးလို့ သူထင်ထားတာ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now