{7}

11K 1.4K 34
                                    

Unicode

နောက်ဆုံးတော့လည်း ကျိချင်းကျိုး အိပ်ရာဝင်ရတာပါပဲ။

ချူချန်က အဝတ်နည်းနည်းပဲဝတ်ထားသောကြောင့် သူ့အဝတ်စားတွေကို ချွတ်မနေတော့ပေ။

ချူချန်က မီးပိတ်ပြီး အိပ်ဖို့ပြင်လိုက်သည်။
ကျိချင်းကျိုးလည်း လှဲအိပ်လိုက်သည်။

ချူချန်က သူ့ဖက်လှည့်လာကာ  သူ့ကိုပွေ့ဖက်ရင်း စိတ်ထိခိုက်စွာပြောလာ၏။

"ဒီလောက်အဝတ်တွေအများကြီးနဲ့ သက်သောင့်သက်သာအိပ်နိုင်တယ်လားကွာ"

"ကျွန်တော် တီရှပ်တစ်ထည်ပဲဝတ်ထားတာပါ
အိုကေလား"

"မင်းအောက်ပိုင်းမှာလည်း ဂျင်းဘောင်ဘီကြီးဝတ်ထားတယ်လေ"

"ကျွန်တော်ချွတ်ရမှာရှက်လို့ဗျာ။ခင်ဗျားအောက်ကကျတော့ဘာမှမဝတ်ထားပဲနဲ့!"

ကျိချင်းကျိုးက စကားမပြောတော့ပေ။

ချူချန် သူ့ကို အကုန်ချွတ်ခိုင်းလိုက်ချင်ပေမယ့် အဆုံးသတ်တော့ အခုက ဆေးခန်းထဲမှာဖြစ်နေပြီး ကျိချင်းကျိုးအမေကလည်း အပြင်မှာအိပ်ပျော်နေသေးသောကြောင့် သူစိတ်ပူမိ၍ ဖိအားမပေးမိတော့ပေ။

ထိုသူကို ဖက်ရုံဘဲဖက်ထားပြီး ပြောလိုက်သည်။

"အိပ်ကြရအောင်...ကောင်းသောညပါ"

"ကောင်းသောညပါ"

ကျိချင်းကျိုး တိုးတိုးလေးပြောလိုက်သည်။

သူ့မျက်လုံးတွေ မှိတ်လိုက်သော်လည်း အိပ်‌မပျော်နိုင်ခဲ့ပေ။ရှောင်ချင်းဖုန်းခေါ်လာပြီး ဖုန်းထဲကနေ ကျိမားမားနေ‌မကောင်းဘူး အော့အန်ပြီး ဝမ်းလျောနေတယ်လို့ပြောတုန်းက သူဘယ်လိုခံစားလိုက်ရလဲ ကျိချင်းကျိုးပြန်တွေးမိသည်။အမှန်တကယ်ကို  ထိုအချိန်က  သူကြောက်ရွံ့ခဲ့မိတယ်။ ဒီ ကမ္ဘာမှာ သူ့ဆွေမျိုးတွေရော သူငယ်ချင်းတွေရောမရှိပေ။ မူလပိုင်ရှင်ရဲ့အမေသာလျှင် သူ့ရဲ့ဆွေမျိုးဖြစ်သည်။ကျိမားမားသာသေသွာခဲ့ရင် သူ့မှာဆွေမျိုးရှိတော့မှာ မဟုတ်ပေ။

"ချူချန်"
သူတိုးတိုးလေးခေါ်လိုက်သည်။

"ကျွန်တော့်အမေ ကောင်းသွားမှာပါနော်။သူမ သက်သာသွားမှာမလား"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now