{10}

9.7K 1.4K 24
                                    


Unicode

"ဒါပေမယ့် ကျွန်တော်တို့ ရေကူးမှာလေ"

ကျိချင်းကျိုး မေးလိုက်တယ်။

ချူချန်က ဆက်ပြောလာခဲ့သည်။

" ကိုယ် စိတ်ပြောင်းသွားပြီ...ကိုယ်ပဲရေကူးမယ် မင်းမကူးရဘူး"

"ဒါဆို ကျွန်တော်က ဒီမှာ ဘာလုပ်ရမှာလဲ"
ကျိချင်းကျိုး နားမလည်တော့ပေ။

"ဒီမှာ WiFi လိုင်းအတော်ကောင်းတာ... ခဏတော့ ဖုန်းကစားနေနော် ဟုတ်ပြီလား"

"ကျွန်တော်က ဒီကိုဖုန်းကစားဖို့လာတာပေါ့...ဟုတ်လား"

"မဟုတ်ရင်ရော မင်းက ကိုယ့် supporting club ရဲ့ ဥက္ကဌဆိုတော့ ဟိုနားလေးမှာရပ်ပြီး ကိုယ့်နာမည်ပဲအော်ပေးလေ"

ကျိချင်းကျိုး : ........

"မင်းဘာတွေးနေတာလဲ"
ချူချန် မေးလိုက်သည်။

ကျိချင်းကျိုး ခေါင်ရမ်းပြလိုက်တယ်...သူ့မှာ စောဒကတက်စရာမရှိပါဘူး...သူ့ရှူးဂါးဒယ်ဒီရဲ့ဦးနှောက်က အတော်လေး မှန်းရခက်လွန်းတယ်လို့ တွေးမိရုံပါပဲ။

သူ ရေချိုးဝတ်ရုံကို ဝတ်တာမြင်သည်နှင့် ချူချန်က သူ့ကော်လာတွေကို ဆွဲချဖို့ကူညီပေးတဲ့အပြင် ခါးပတ်ပါချည်ပေး၏။

သူအဝတ်စားတွေ လုံးလုံးမလဲထားတာနဲ့တူတူပဲမဟုတ်ဘူးလား?

ဘယ်လိုဖြစ်ဖြစ် သူက ပါးနပ်တဲ့အတွက် စကားထပ်မပြောတော့ပေ။သူ့ရှူးဂါးဒယ်ဒီကြီးက ရုတ်တရက်ကြီး အကြံဉာဏ်သစ်တွေရပြီး တောင်ဆိုချက်အသစ်တွေလုပ်လာတာလေ....

"လုံးဝ အဆင်ပြေသွားပြီ"

ချူချန်  သူ့ကို အခြေခံကျကျဖုံးကွယ်ပေးလိုက်ပြီးတာနဲ့ အခန်းထဲကထွက်သွားတော့သည်။

ကျေနပ်လိုက်တာကွာ....

  ယွီအန်းယီကတော့ သူတို့နှစ်ယောက်အပြင်ထွက်လာမှာကို စောင့်နေတုန်းပင်။ချူချန်ထွက်လာတာကိုမြင်မြင်ချင်းပဲ ထရပ်ပြီး သူ့ဆီ အပြေးသွားတော့သည်။

"အားချန်"

သူမက ချူချန်ဘေးကို လျှောက်လာပြီး ကျိချင်းကျိုးကို လက်ညှိုးထိုးကာမေးလာသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now