{13}

10.2K 1.4K 46
                                    

Unicode

ကျိချင်းကျိုးက တွေးဆဆဖြင့်ပြောလိုက်သည်။

"ကောင်းပြီ"

"မီနူးကိုကြည့်ပြီး မင်းဘာကြိုက်လဲကြည့်ကြည့်"

"အိုကေ"

စားသောက်ပြီးနောက် ချူချန်သည် ကျိချင်းကျိုးအားခေါ်ပြီးအရင်ထွက်သွားသည်။သူက ကုမ္ပဏီသွားစရာရှိသေးသဖြင့် ကျိချင်းကျိုးအား အိမ်အရင်ပို့ကာ မှာတမ်းချွေရတော့သည်။

"ညစာစားဖို့တွက် ကိုယ်ပြန်မလာဖြစ်ဘူးဆိုရင် မစောင့်နဲ့တော့။ကိုယ်ပြန်လာဖြစ်ရင်တော့ WeChat ကနေစာပို့လိုက်မယ်"

"အမ်း"

"သွားပြီ"

ချူချန်ကပြောပြီးသည်နှင့် ကားမောင်းထွက်သွားသည်။

ကျိချင်းကျိုးလည်း ချူချန်အိမ်ဆီပြန်ရောက်တာနဲ့ဇာတ်ညွှန်းဖတ်တော့သည်။

လကုန်၌ ရိုက်ကူးရေးအဖွဲ့နဲ့ဆုံချိန်တွင် ကျိချင်းကျိုးမျက်‌နှာပေါ်ကအနာတွေပျောက်သွားနှင့်ပြီဖြစ်သည်။

ချူချန် သူ့ကိုမေးလိုက်တယ်။

"မင်း ဇာတ်ကားရိုက်တာဘယ်လောက်ကြာမှာလဲ"

"တစ်လ"

ကျိချင်းကျိုး ပြန်‌ဖြေလာသည်။

"အခန်းအများကြီးမရှိတော့ သိပ်မကြာပါဘူး"

"ဘယ်နေရာမှာရိုက်မှာလဲ"

"X Universityမှာရိုက်မှာလေ။ကျွန်တော်တို့က တက္ကသိုလ်ပရိဝုဏ်ရှုခင်းကို လိုချင်တာမို့"

"မဝေးလွန်းဘူးလား"

ချူချန် သက်ပြင်းချမိသည်။

"ကိုယ်တို့ ကားမောင်းပြီးဆိုရင်တောင် အဲ့ကနေပြန်လာဖို့ နှစ်နာရီနီးနီးကြာမှာ"

"အဲ့တာကြောင့် ကျွန်တော် ရိုက်ကူးရေးအဖွဲ့နဲ့ပဲနေမှာလေ။ဒီလပြန်မလာတော့ဘူး"

"အင်း"

ချူချန်တွက်လည်း စောဒကတက်စရာမရှိပေ။

"ကိုယ်လည်း အချိန်ယူပြီးလာလည်ပါ့မယ်"

"အိုကေ"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now