{14}

9K 1.3K 18
                                    

Unicode

စာအဆုံးမှာတော့ ချူချန်က တမင်တကာကြီးစနောက်လာသည်။ကျောင်းတက်တုန်းကဆို ကျိချင်းကျိုးနောက်ကို ကောင်မလေးတွေအများကြီးလိုက်ပြောဖူးကြသည်။ယနေ့ခေတ်မိန်းကလေး‌တွေက ပိုပြီးတောင်ပွင့်လင်းကြသေးတယ်။သူတို့အားလုံး သူ့ရှေ့မှာ လာပိတ်ရပ်ကြပြီးတာနဲ့
"ကျိချင်းကျိုး ငါနင့်ကိုကြိုက်တယ်။ငါနဲ့တွဲနိုင်မလား" ဆိုတာချည်းပဲ။ချူချန်တစ်ယောက်ပဲ သူ့ကိုစဖို့ ရှေ့ခေတ်ကဗျာတွေလိုနေသေးတာ...

ကျိချင်းကျိုး အဆုံးထိနားထောင်ပြီးချိန်တွင် ချူချန်ရဲ့စာပေတတ်ကျွမ်းမှုက ပြောင်မြောက်လွန်းပြီးနားထောင်ရုံနဲ့တင်ရှက်လာမိသဖြင့် ခံစားမှုအပြည့်ဖြင့်ပင့်သက်ရှိုက်ရုံပဲတတ်နိုင်တော့သည်။
ချူချန်ကတော့ "သုဖူရဲ့ကဗျာပေါင်းချုပ်"ကိုအလွတ်နီးပါးထိရွတ်ပြနေပေမယ့် တစ်ဖက်လူမှာ ဘာမှပြောမလာသဖြင့် သူမေးရတော့သည်။

"မင်းအခုလေးတင် နားထောင်လိုက်ရတာကို ဘာမှမပြောတော့ဘူးလား။ကိုယ့်‌ကိုလည်း အကြောင်းပြန်ဦးလေ"

ကျိချင်းကျိုး : ????

သူက ဘာလို့ အကြောင်းပြန်ရမှာလဲ!!!!
ချူချန် သူ့ကိုစတာနဲ့ သူလည်းပြန်စ၊စရာလား???

ဒါကြီးက အရမ်းရှက်ဖို့ကောင်းနေပြီ။
ကျိချင်းကျိုးလည်း ခဏလောက်စဉ်းစားပြီးမှ မဝံ့မရဲပြန်ပြောလိုက်သည်။

"လူတိုင်းအချိန်အကြာကြီး အတူတူရှိနေကြဖို့ ကျွန်တော်မျှော်လင့်ပါတယ်"

"ဆောင်းဦးလယ်ပွဲတော်မရောက်သေးဘူးဗျာ"

"ဒါဆိုလည်း ကျွန်တော်ရဲ့ဝမ်းနည်းပူဆွေးမှုနဲ့ပူပန်မှုတွေကိုယဲ့လန်ရှီထိတိုက်ခတ်သောလေနဲ့ ပို့လွှတ်လိုက်ရမလား"

"ဝမ်းနည်းပူဆွေးတာ"

"ခင်ဗျားကို သတိရလို့ ဝမ်းနည်းပူဆွေးနေတာ"
ကျိချင်းကျိုးက သူ့ရဲ့ကိုယ်စွမ်းကိုယ်စတွေကိုအပြည့်အဝထုတ်ပြလာခဲ့သည်။

ချူချန်ကတော့ ခံစားချက်တွေကောင်းနေပြီ။
"မဆိုးပါဘူး ကောင်းတယ်။ မင်းအိပ်တော့လေ။ကိုယ့်မှာလည်း အရင်ကိုင်တွယ်ရမှာတွေရှိသေးတယ်"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now