{15}

8.5K 1.3K 39
                                    

Unicode

"အဲ့တာကဘာလဲဆရာ"
ကျိချင်းကျိုးမေးလိုက်သည်။

"သတိထားရမယ့်အရာက ဇာတ်ကောင်ထဲနစ်ဝင်ပြီးပြန်မထွက်နိုင်တော့တာဘဲ"
ဆရာကပြန်ပြောလေသည်။

သူကသက်ပြင်းချလိုက်ပြီး အကြီးတစ်ယောက်ရဲ့စိတ်ထားဖြင့် သူ့တပည့်ကိုအကြံပေးလာခဲ့သည်။

"အဲ့ဒါကြောင့် မင်းမသေချာတဲ့အရာကို အများကြီးမလုပ်နဲ့။ဝမ်းနည်ပူဆွေးစရာ၊စိတ်ဓာတ်ကျစရာ ဇာတ်ကောင်ကို မင်းတစ်ကြိမ်နစ်ဝင်ပြီးတာနဲ့မထွက်နိုင်တော့ဘူး။မင်းရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးလည်း အဲ့သရုပ်ဆောင်မှုကြောင့် ပျက်စီးသွားလိမ့်မယ်"

သူကျောင်းတက်ချိန်ကဆို ဇာတ်ကားအများကြီးကြည့်ဖူးခဲ့ပြီး  ထူးချွန်တဲ့သရုပ်ဆောင်တစ်ချို့က ဇာတ်ကားထဲတွင်နက်ရှိုင်းစွာပါဝင်ခဲ့ကြတာကိုလည်း သူသိပါတယ်။သရုပ်ဆောင်ရတဲ့ဇာတ်ကောင်တွေက သူတို့ပေါ် အကျိုးသက်ရောက်သဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုဖြစ်စေသည်။သူတို့က အဲ့ဇာတ်ကောင်ကို ရယူနိုင်ခဲ့ကြသော်လည်း အဲ့ဇာတ်ကောင်ကြောင့်ပဲ သူတို့ကိုယ်သူတို့ပိတ်မိနေခဲ့ကြတယ်။ ကျိချင်းကျိုးက အဲဒိသရုပ်ဆောင်တွေကိုအားကျပေမယ့်လည်း သူက အဲ့လိုသရုပ်ဆောင်မျိုးမဟုတ်ဘူးဆိုတာခံစားမိသည်။သူအတွက်တော့ ပျော်ရွှင်တဲ့ဘဝဆိုတာ အရမ်းတိုတောင်းပြီး အနုပညာထက်သူ့ရှေ့မှာရှိတဲ့ ပျော်ရွှင်မှုကိုသာ ပိုပြီး သိမ်းထားချင်မိတယ်။

ကျိချင်းကျိုးရဲ့သိပ်မရှည်ကြာတဲ့ဘဝလေးထဲတွင် သူကလေးအရွယ်မှာ သူ့မိဘတွေက သဘောတူညီမှုနဲ့ကွာရှင်းခဲ့ကြသည် ။သူ့ကို ‌အလေးအနက်ဆင်ခြင်စေပြီး နက်ရှိုင်းစွာနားလည်စေတာက ဘဝဆိုတာ မင်းတွေးထားတဲ့လမ်းကြောင်းပေါ်မှာဘဲ ရှိလိမ့်မည်မဟုတ်ဘူး ဟူ၍ပင်။
သူမိဘနှစ်ပါးရဲ့ ကွာရှင်းမှုကို လက်ခံပေးခဲ့ပြီး သူ့အမေနဲ့ဘဲ နေခဲ့ရသည်။သူ့မိဘတွေကိုမနာကျည်းခဲ့ပေမယ့် သူတို့တွက်ဝမ်းနည်းမိတယ်။ထိုနောက်ပိုင်းမှစ၍ သူ့ကိုယ်တိုင်ရောတစ်ခြားသူတွေကိုပါ အခက်မတွေ့စေဖို့ သင်ယူခဲ့ရသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now