{16}

8.4K 1.3K 28
                                    

Unicode 💙

"အင်း ငါဝယ်လိုက်တာ"

ကျိုးချန်ဖုန်းက အလွယ်လေး ဝန်ခံလာသည်။

"မင်းပုံစံကသူ့ကို လွှမ်းမိုးသွားမှာကြောက်လို့ ချန်ကျိယွမ်ဘက်ကအရင် မင်းပုံတွေကိုပြင်ခဲ့တဲ့ လူလေ။ဒီ‌အကြောင်းကိုသူနဲ့စကားမများချင်ပေမယ့် လူတွေရဲ့ပထမဆုံးအမြင်က အရမ်းအရေးကြီးတယ်။မင်းကိုဒီလိုတိုက်ခိုက်နေတာရော မင်းက ဒီဇာတ်ကောင်နဲ့မလိုက်ဘူးလို့ပြောနေတာကိုရော ငါလက်မခံနိုင်ဘူး။အဲ့ဒါကြောင့်နည်းလမ်းပြောင်းလိုက်တာ"

"ဒါပေမယ့် အခုက ကျွန်တော့်နာမည်မပါဘူးလေ"

ကျိချင်းကျိုးသည် ရှောင်ချန်းဖုန်းထဲက Weiboကိုကြည့်ပြီးပြောလာသည်။
"အဆင်ပြေပါ့မလား"

"မင်းကအခုထိနာမည်မကြီးသေးဘူးလေ။ရုတ်တရက်ကြီး မင်းနာမည် hot searchပေါ်ရောက်သွားကြည့်စမ်း။တစ်ကမ္ဘာလုံးကို မင်း hot searchဝယ်လိုက်ပါတယ်ဆိုပြီးပြောစေချင်တာလား"

ကျိုးချန်ဖုန်းက စီကရက်ကိုမီးညှိရင်း ဆက်ပြောလာခဲ့သည်။

"hot searchဝယ်တဲ့ကိစ္စဆိုတာ ဉာဏ်ကောင်းရလားမကောင်းရဘူးလား။အောက်ကိုကြည့်လိုက်ဦး။အဆင့်တက်နေတာ ငါးနဲ့ခြောက်ဖြစ်ခါနီးနေပြီ။forwardလုပ်ထားတာကလည်းသာမန်pageလေးတစ်ခုက။ဒါကမှစစ်မှန်တဲ့အရင်းမြစ်ပဲ…ဒီတစ်ခုက မင်းနာမည်နဲ့ကျန်တဲ့စီးပွားရေးအကောင့်တွေကလည်း လူတိုင်းကိုလှုံ့ဆော်နေကြတာလေ…အင်တာနက်အသုံးပြုသူတွေကဘယ်လောက်စွမ်းအားကြီးသလဲ?သူတို့သာမင်းနာမည်သိချင်ရင် မရှာနိုင်ကြဘူးလား။ဒါ့ပြင် ပထမဆုံးcommentမှာမင်းနာမည်ပါတယ် ဟုတ်ပြီလား"

ကျိချင်းကျိုးလည်း comment ကိုမြန်မြန်ဖွင့်လိုက်သည်။တကယ်ကို လူတစ်ယောက်ကမေးထားလေသည်။

[ဒီကိုကိုလေးကကြည့်ကောင်းလိုက်တာ ဘယ်သူလဲဟင်]

[အကောင်းဆုံးပြန်ဖြေထားတာက : ကျိချင်ကျိုးပါ။ ကြည့်ရတာသရုပ်ဆောင်ဖြစ်မယ်နဲ့တူတယ်။လတ်တလောရိုက်ကူးနေတဲ့ ⟨⟨ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ⟩⟩ထဲက ကျွမ်းရှန်းယန်လေ]

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now