{23.2}

8K 1.2K 50
                                    


Unicode

ကျိချင်းကျိုးနားထောင်လိုက်တာနဲ့တင် သူမကျေမနပ်ဖြစ်သွားပြီဆိုတာသိလိုက်ရတယ်။လျှို့ရှုက ခေါင်းငုံ့ပြီးရယ်မောကာ ခပ်တည်တည်နဲ့ထွက်သွားသည်။

လိလိက ချန်ကျိယွမ်ရဲ့ဆံပင်အပြင်ဆင်လုပ်ပေးပြီးတာနဲ့ သူမပစ္စည်းတွေကိုပြန်သိမ်းကာ ပြောလိုက်သည်။

"ချန်ကော ကျွန်မအရင်သွားတော့မယ်"

ချန်ကျိယွမ်က သူမကိုစူးစမ်းသလိုကြည့်ကာ
"ဘာလို့လဲ ဒီနေ့အစောကြီးသွားမို့လား။နောက်ပိုင်းပြန်ပြင်ရမယ်ဆိုရင်ရော"

"ဒါဆို ခေါ်လိုက်လေ။အဖွဲ့ခေါင်းဆောင်က ကျွန်မကိုဒီမနက်ကြီး ခဏဆိုပြီး ခေါ်ပြောထားတာ။‌ နောက်ပိုင်းကျိကောရဲ့အပြင်ဆင်တွက် တာဝန်ယူပေးရမယ်တဲ့။အခုပဲသွားပြင်ပေးရမှာမို့သွားပြီ"

"ကျိကော"

"ကျိချင်းကျိုးလေ"
လိလိက ရှင်းပြလာသည်။

ချန်ကျိယွမ်ကမျက်မှောင်ကြုတ်သွားပြီး
"ကျိချင်းကျိုးတွက်ပြင်ပေးရဦးမှာလား?သူ့ကိုယ်သူဘာထင်နေလဲ?ကိုယ့်ကြည့်ကျတော့ ဇာတ်ပို့လေးတစ်ယောက်။အင်တာနက်တခွင်ကြည့်တော့လည်း fanတစ်ယောက်မှမရှိနဲ့ အခုမင်းက ပြင်ပေးရဦးမယ်တဲ့လား? တကယ်ကို မျက်နှောင်ပြောင်တိုက်နေတာပဲ"

လိလိက နားထောင်ရင်းနဲ့ သူစိတ်ဆိုးမှာကြောက်လာပြီး ကောင်းကောင်းမွန်မွန်ပြောလိုက်သည်။

"အဖွဲ့ခေါင်းဆောင်ပြောတာပဲလေ။ကျွန်မလည်း သဘောတူရတာပေါ့"

"မင်းအဖွဲ့ခေါင်းဆောင်ရဲ့ဖုန်းနံပါတ်ရှိတယ်မလား? ‌ဖုန်းဆက်ပြီး မလာဘူးပြောလိုက်"

"မကောင်းလောက်ဘူးနော်"
လိလိကနည်းနည်းတွန့်ဆုတ်နေမိသည်။

ချန်ကျိယွမ်ကသရော်လိုက်ပြီး စိတ်မဝင်စားသလိုပြောလာသည်။
"ခေါ်လိုက်"

လိလိမှာ ဖုန်းထုတ်ပြီး ကျန်းအိုက်ဆီဆက်ရတော့သည်။

{ဘာလို့လဲ}
ကျန်းအိုက်က သူ့ကိုမေးလာသည်။

လိလိ ဘာပြောရမလဲမသိပေ။သူမစကားပြောမှားသွားရင်လည်း ချန်ကျိယွမ်စိတ်ဆိုးသွားမှာကြောက်မိသဖြင့် ချန်ကျိယွမ်ဆီပဲဖုန်းပေးလိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now