{27}

7.9K 1.2K 40
                                    

Unicode



ရှောင်ချန်းသည် ကျိချင်းကျိုးအသံကိုကြားသည်နှင့်ဘေးမှာရှိနေကြောင်းသိသွားပြီ အခိုင်အမာပြောလိုက်သည်။

"ရပါတယ် ချူရှောက်။ ကျိကောသဘောတူရင်ကျွန်တော်လည်း ချူရှောက်ကိုမလျှို့ဝှက်ထားပါဘူး"

"သူသဘောမတူလည်း မင်း ငါ့ကိုပြောရမယ်"

ရှောင်းချန်ပြုံးပြုံးကြီးနဲ့ချက်ချင်းမဖြေလိုက်ပေ။

ချူချန်ကလည်းထိုစကားပြော၍ဖုန်းတန်းချသွားသည်။

"ခင်ဗျားကလေ ကျွန်တော်ဘေးမှာရှိရက်နဲ့ ဒီလိုပေါ်တင်ကြီး သူလျှိုထည့်လိုက်တယ်ပေါ့ "

ကျိချင်းကျိုးကသူ့ကိုကြည့်လျက်
"ကျွန်တော်တောင် ဘယ်လိုလျှို့ဝှက်ရမလဲမသိတော့ဘူး"

"ဒါဆို မင်းနောက်ကွယ်မှာမှ ရှောင်ချန်းကိုပြောစေချင်တာလား"
ချူချန်မေးလိုက်၏။

"မဟုတ်ဘူးလေ"

"အဲ့ဒါဆို ok ပြီလေ"

ချူချန်မှာလည်း ကိုယ်ပိုင်အကြောင်းရင်းရှိသည်။

"ကိုယ်ကအဲ့လို ဖြောင့်မတ်တဲ့လူတစ်ယောက်ပဲ။ရှက်စရာကိစ္စတွေလုပ်နေတာမဟုတ်တဲ့တွက် ကိုယ်ဘာလို့ ဖုံးကွယ်ထားရမှာလဲ"

ကျိချင်းကျိုး သူ့ကိုဘာမှမပြောနိုင်တော့သဖြင့် စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ခင်ဗျား ချန်ကျိယွမ်ရဲ့ မူပိုင်ခွင့်ပြောင်းလဲခြင်းတွေကို ဖြတ်ပစ်တော့မှာလား"

"ကိုယ်မလုပ်ရဘူးလား"

ကျိချင်းကျိုးကအတန်ကြာတွေးမိသော်လည်း ချူချန်ရဲ့စိတ်‌နေစိတ်ထားအရဆို သူ့တွက်အဲ့လိုလုပ်တာကမမှားဘူးလို့ထင်တယ်။သူက ချန်ကျိယွမ်ကိုသဘောမကျတဲ့အတွက် သူ့လက်ဝယ်ကမူပိုင်ခွင့်တွေမှာလည်း ချန်ကျိယွမ်ကိုမပါခိုင်းစေချင်တာသဘာဝကျပါတယ်။ဒါ့ပြင် ချန်ကျိယွမ်ကို သူ့ပိုင်ဆိုင်ထားတဲ့မူပိုင်တွေ‌ကိုမှီခိုပြီး အောင်မြင်စေချင်မှာမဟုတ်ပေ။

"New Culture က IPလောကရဲ့အရှင်သခင်ဖြစ်ပေမယ့် New Cultureအပြင်တစ်ခြားကုမ္ပဏီတွေအများကြီးရှိသေးတယ်လေ။ခင်ဗျားသူ့ကိုပိတ်ချင်ရင်တောင် မလွယ်လောက်ဘူး"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now