{28}

8K 1.1K 24
                                    

Unicode

ကျိချင်းကျိုးသည်အခုမှနိုးခါစဖြစ်၍ဝေဝေဝါးဝါးဖြစ်နေဆဲပင်။‌သူကငေးကြောင်ကြောင်နဲ့ခေါင်းညိမ့်လိုက်ပြီး ချူချန်ကိုမေးလိုက်သည်။
"ကျွန်တော်အကြာကြီးအိပ်ပျော်သွားတာလား"

"သုံးလေးနာရီလောက်ပါပဲ။သိပ်မကြာဘူး"

ချူချန်ကမတ်တပ်ထရပ်ပြီး သူ့ဆီလှမ်းလာကာ လက်ဖက်ရည်ခွက်အားသူ့လက်ထဲထည့်ပေးလာ၏။

"ဒါက ကိုယ်အစမ်းဖျော်ထားတဲ့လက်ဖက်ရည်"

ကျိချင်းကျိုးယူပြီးတစ်ငုံသောက်ကာချီးမွမ်းလိုက်တယ်။
"ကောင်းတယ်"

"ဘယ်လိုလဲ။ပျော်သွားပြီလား…"

ချူချန်က အိပ်ရာအစွန်းမှာဝင်ထိုင်လိုက်သည်။

"ဒယ်ဒီကိုလက်ဖက်ရည်မဆက်ရသေးဘဲ ဒယ်ဒီကအရင်ဆက်သလာရတော့လေ"

ကျိချင်းကျိုးက လက်ဖက်ရည်ခွက်ကို သူ့လက်ထဲချက်ချင်းထည့်လာသည်။

"ဒယ်ဒီတွက်"

"ဗုဒ္ဓကိုပန်းလျှူဖို့ခဏပြန်စွန့်နေတာလား? မင်းက ကိုယ့်လက်ဖက်ရည်ကို ကိုယ့်ဆီပြန်ပေးတာလား"

ကျိချင်းကျိုးကပြုံးရယ်လာသည်။
"ဒါဆိုလည်း နောက်နေ့မှ လက်ဖက်ရည်တစ်အိုးလုပ်ပေးမယ်နော်"

"သိတတ်သေးတာပဲ"
ချူချန်ကသူ့ကိုကြည့်လာ၏။

"ကောင်းပြီလေ အခုမင်းလည်း နိုးပြီဆိုတော့ကာ ညစာသွားစားရအောင်"

ကျိချင်းကျိုးကခေါင်းညိမ့်ပြီးအိပ်ရာမှမြန်မြန်ထလိုက်သည်။

ကျိချင်းကျိုးအဝတ်အစားလဲပြီးမှနှစ်ယောက်သားဓာတ်လှေကားနဲ့အောက်ထပ်ရှိစားသောက်ဆိုင်ဆီသွားကြသည်။ချူချန်ကဒီညပြန်မယ့်အစီအစဉ်ရှိပုံမပေါ်၍ကျိချင်းကျိုးမေးကြည့်လိုက်၏။

"ဒီညဒီမှာနေမှာလား"

"မဟုတ်ရင်ရော"

"ဒါဆို ရှောင်ချန်းကိုမနက်ဖြန်မှလာခေါ် ဖို့ပြောလိုက်မယ်"

"မလိုဘူး…ကိုယ်မင်းကိုလိုက်ပို့မှာ။မနက်ဖြန်မင်းအနားယူတဲ့နေရာမှာထိုင်ပြီး ကိုယ်မျက်စိအောက်မှာဘယ်သူအနိုင်ကျင့်ရဲသလဲထိုင်ကြည့်နေမှာ"
ချူချန်ပြောလိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now