{31}

7.1K 1K 45
                                    


Unicode

သူပြောတာနားထောင်ပြီး ချူချန်ကကျေနပ်အားရစွာဖြင့် လီဖေးနှင့်အတူ စကားအချို့ပြောပြီး ဖုန်းချလိုက်သည်။

ကျိချင်းကျိုးဘယ်တော့မှမတွေးမိခဲ့ဘူး။တစ်နေ့နေ့အလုပ်ထဲမှာရိုရုံနဲ့ဇာတ်လိုက်ဖြစ်လာလိမ့်မယ်လို့ပေါ့။

"ကျွန်တော်လား"
သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်၏။

"ကျွန်တော်က ချန်ကျိယွမ်နေရာမှာခေါင်းဆောင်မင်းသားအဖြစ်အစားထိုးရမယ်လို့ပြောချင်တာလား"

ကျန်းနန်နှင့်ဒါရိုက်တာတို့ခေါင်းညိမ့်လိုက်ကြပြီး ကျိချင်းကျိုးကတော့ မယုံကြည်နိုင်ဖြစ်နေသည်။
"ဒါပေမယ့် ကျွန်တော် ကျွမ်းရှန်းယန်နေရာက သရုပ်ဆောင်တာကြာပြီလေ။အခုခေါင်းဆောင်မင်းသားနေရာကသရုပ်ဆောင်ရမှာလား။မဟုတ်ရင် အရင်အပိုင်းတွေအကုန်လုံးဖျက်ပစ်ရမှာပေါ့"

"ရပါတယ်…ငါတို့ရိုက်ကူးရေးကသိပ်မကြာပါဘူး။မင်းမှာလည်း ဇာတ်ကွက်အများကြီးမရှိခဲ့ဘူးလေ။ပြီးတော့ ချန်ကျိယွမ်လည်းအများကြီးမရိုက်ရသေးဘူး။ပြန်ရိုက်ကူးရုံနဲ့ကုန်ကျစရိတ်သိပ်များမှာလည်းမဟုတ်ပါဘူးလေ"
ဒါရိုက်တာကပြောလာသည်။

"ဒါက…"
ကျိချင်းကျိုး သူ့ကိုကြည့်လိုက်၏။

"ဘာလို့ကျွန်တော့်ကိုရွေးကြတာလဲ"

ချန်ကျိယွမ်ရိုက်ကွင်းကနေသီးခြားခွဲထွက်ပြီး စာချုပ်ဖျက်သိမ်းလို့ ရိုက်ကူးရေးအဖွဲ့က အခြေအနေတွေအဆင်ပြေဖို့တစ်ခြားသရုပ်ဆောင်တစ်ယောက်ရှာမယ်လို့သူထင်ထားတာ။ဒါပေမယ့် မျှော်လင့်မထားစွာ သူ ခေါင်းဆောင်မင်းသားနေရာကသရုပ်ဆောင်ဖို့ လာပြောခံနေရတယ်။ချူချန်ဘာမျှမလုပ်ထားဘူလို့ လာပြောရင်တောင် ကျိချင်းကျိုးတော့ မယုံပေ။

ကျန်းနန်က ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးကာ

"ရှောင်ကျိရေ မင်းလည်းသိပါတယ် အခုရိုက်ကူးရေးကစနေပြီလေ ပြီးတော့ အချိန်တစ်ခုကြာအောင်ရိုက်ကူးပြီးနေကြပြီ ဒီတစ်ကြိမ် ချန်ကျိယွမ်က စာချုပ်ဖျက်သိမ်းသွားတယ်ဆိုတော့ ကျဲတို့ကလည်း သင့်တော်တဲ့ မင်းသားတစ်လက်ကိုထပ်ရှာရမှာ ရိုးရိုးသားသားပြောရရင် ဒါက တကယ်မလွယ်ဘူး။ဒီရိုက်ကူးရေးအဖွဲ့ထဲမှာဆို ရှောင်ကျိကကြည့်ကောင်းပြီး သရုပ်ဆောင်စကေးလည်း အကောင်းဆုံးပဲလေ မင်းကိုမရွေးရင်ဘယ်သူ့ကိုသွားရွေးရမှာလဲ"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now