{33}

6.2K 911 25
                                    

Unicode

အဆုံးမှာတော့ ဒါရိုက်တာက ဖန်ယောင်ရွှမ်းရဲ့အေးဂျင့်ဆီအကြောင်းပြန်လိုက်သည်။ ဖန်ယောင်ရွှမ်းရဲ့ကမ်းလှမ်းမှုတွက် ရိုက်ကူးရေးအဖွဲ့က အထူးကျေးဇူးတင်ပြီး ဖန်ယောင်ရွှမ်းနဲ့ပူးပေါင်းဖို့ ဆန္ဒရှိသော်လည်း အလာနှောင်းသွားပြီဖြစ်‌ေကြာင်း အခုလည်း ခေါင်းဆောင်မင်းသားကိုရှာတွေ့ပြီးလို့ စာချုပ်ချုပ်ပြီးပါပြီ…သူတို့ကအခုပဲ ချန်ကျိယွမ်ရဲ့စာချုပ်ဖျက်သိမ်းမှုကိုကြုံတွေ့ထားရတာဖြစ်လို့ စာချုပ်ပါအချက်လက်တွေကို မလိုက်နာတဲ့လူကိုမလိုချင်ပါကြောင်း။ပြီးတော့ အခုလစ်လပ်နေတဲ့အရံမင်းသားနံပါတ်သုံးနေရာကလည်း ဖန်ယောင်ရွှမ်းရဲ့ထိပ်တန်းအဆင့်နဲ့မသင့်လျော်ပါကြောင်း သူတို့ကိုယ်သူတို့လည်း ရှက်ရွံ့မိ‌ပါကြောင်း နောက်တစ်ကြိမ်မှပဲ ပူးပေါင်းကြတာပေါ့ဟူ၍ပင်။
 
သို့သော် ဖန်ယောင်ရွှမ်းရဲ့အေးဂျင့်ကတော့ ဒီလိုထုတ်လုပ်ရေးအသင်းလေးက သူ့မင်းသားကိုငြင်းရဲ့တဲ့အတွက် အံ့ဩသွားပေမယ့် သူမက အစတည်းက ဖန်ယောင်ရွှမ်းကိုပါစေချင်တာမဟုတ်၍ စိတ်သက်သာရာရစွာ ရလဒ်ကို ဖန်ယောင်ရွှမ်းဆီအမှန်တိုင်းပို့ပေးလိုက်သည်။

ဖန်ယောင်ရွှမ်းကတော့ စဉ်းစားမရဖြစ်နေခဲ့တယ်။

“ အရင်နံပါတ်သုံးနေရာကအရံကဘာဖြစ်လို့လဲ ? သူလည်း စာချုပ်ဖျက်သွားတာလား”

“အဲ့လိုမဟုတ်ဘူး"

အေးဂျင့်ကပြန်ပြောလာသည်။

"အခုခေါင်းဆောင်မင်းသားနေရာမှာသရုပ်ဆောင်မှာက အရင် နံပါတ်သုံးအရံတဲ့။ ဒါရိုက်တာက သူ့သရုပ်ဆောင်စကေးရော ရိုက်ကွင်းထဲမှာလည်း ကြည့်ကောင်းတော့ ချန်ကျိယွမ်နေရာမှာရွေးလိုက်တာ အဲ့တာကြောင့် နံပါတ်သုံးအရံနေရာက လွတ်နေတာ"

"ဒါဆို ကျိချင်းကျိုးက ခေါင်းဆောင်မင်းသားအနေနဲ့သရုပ်ဆောင်တော့မှာပေါ့"

ဖန်ယောင်ရွှမ်း အံ့ဩသွားခဲ့တယ်။

"သူက အဆိုးထဲကအကောင်းဖြစ်သွားတာပဲ…ချန်ကျိယွမ် ထွက်သွားတော့ သူကထိပ်ဆုံးရောက်လာပြီး ကံကောင်းသွားတာ"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now