{34}

6.7K 965 63
                                    

Unicode

{ကျွန်တော်ကအရူးလား!}

ကျိချင်းကျိုးမှာ မိမိရဲ့ရှူးဂါးဒယ်ဒီဦးနှောက်က ဒီနေ့မှသိပ်မကောင်းနေသလိုခံစားနေရတယ်။

{တွေးကြည့် ခင်ဗျားကဒီဇာတ်လမ်းရဲ့ရင်းနှီးမြှုပ်နှံသူ…ရှောင်ချန်းက ကျွန်တော့်ဘေးမှာ ခင်ဗျားချထားတဲ့စပိုင်…ကျိုးချန်ဖုန်းက ခင်ဗျားကို ချူရှောက်လို့ခေါ်တယ်…ကျွန်တော့်ဘေးမှာ ခင်ဗျားမျက်လုံးတွေချည်းဝိုင်းဝိုင်းလည်နေတာလေ…ကျွန်တော် ဖန်ယောင်ရွှမ်းနဲ့အိပ်မက်ဆိုးတွေဆက်မက်ပြီး နတ်ဆိုးဆက်ဆံရေးကြီးဆက်ချင်သေးရင်တောင် ခင်ဗျားစောစောရှာတွေ့သွားမှာကြောက်လို့ရိုက်ကွင်းမှာတော့ ပေါ်လာပါ့မလား}

{မင်းပြောင်းပြန်တွေးနေတာလည်းဖြစ်နိုင်တာပဲလေ…မင်းတို့နှစ်ယောက်ရဲ့တကယ့်ဆက်ဆံရေးကိုဖုံးကွယ်ပြီး အလုပ်လို့အမည်တပ်ရုံနဲ့ကိုယ်ကမင်းကိုသံသယမဝင်တော့ဘူးလို့တွေးနေရင်ရော}

ကျိချင်းကျိုးမထင်ထားခဲ့ဘူး… ထိုလူက ကပြောင်းကပြန်အတွေးတွေ တွေးနိုင်နေပြီ ! သူ့ကိုလက်မပေးဖို့မစောင့်နိုင်တော့ဘူး !

{အံ့ဩဖို့ကောင်းလွန်းတယ်! တကယ့်ကိုအမေးဇင်းဖြစ်ပါရဲ့ ! ခင်ဗျားအသက်ငယ်ငယ်နဲ့အောင်မြင်နဲ့အလုပ်အကိုင်လုပ်နေတာမအံ့ဩတော့ပါဘူး}

ချူချန်ကပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလာသည်။

{မင်းရဲ့ချီးကျူးစကားတွက်ကျေးဇူးပါ}

{ခင်ဗျား ကျွန်တော့်ကိုဘယ်လိုယုံသွားတာလဲ}

ကျိချင်းကျိုးက ပြတင်းပေါက်နားကခုံပေါ်မှာထိုင်ချလိုက်သည်။

{ ကျွန်တော်နောက်ဆို ဖန်ယောင်ရွှမ်းကို ကြည့်တောင်မကြည့်တော့ပါဘူးလို့ အာမခံချက်ရေးပေးပါ့မယ်}

{မလိုပါဘူး}

ချူချန်ကပြောလာသည်။

{ကိုယ်အစကမင်းကိုသံသယနည်းနည်းဝင်မိပေမယ့် မင်းဘက်ကသိပုံမပေါ်တော့ ကိုယ်ဒီတစ်ခါယုံကြည်ပါတယ်}

{ဒီလိုမျိုးနောက်တစ်ကြိမ်ထပ်ဖြစ်ခဲ့ရင်ရော}

{မင်းကိုယ်မင်းမေးကြည့်ဖို့လိုတယ်…ဘယ်လိုညှို့ဓာတ်တွေကြောင့် ဖန်ယောင်ရွှမ်းကမင်းနောက်ကို အသည်းအသန်လိုက်နေရတာလဲဆိုပြီးလေ…ပြီးတော့ သူက မင်းမျက်စိရှေ့မှာပေါ်လာရမှာထက် လိုက်ဖက်တဲ့အတွဲလေးဖြစ်ချင်နေတာဖြစ်လိမ့်မယ်}

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now