{41}

5.5K 879 32
                                    

Unicode

ချူချန်သည် ဒီလိုကိစ္စမျိုးအား ဒီလိုပုံစံလုပ်ရမယ်လို့မမျှော်လင့်ထားခဲ့ဘူး။သူကနာခံစွာအနမ်းပေးလိုက်ပြီး ချုံမင်းတောင်ခြေမှာပဲခဏတာလည်ပတ်လိုက်ရသည်။
(*hand job😂)

သူကတောင်ခြေကနေပြန်လာပြီးချိန် ကျိချင်းကျိူကိုဖက်ထားရင်းအမေးစကားဆိုလိုက်သည်။

"နေရမခက်ဘူးမဟုတ်လား"

"အမ်း"
ကျိချင်းကျိုးကပြန်ဖြေလာသည်။

"အဲ့တော့ နေလို့ကောင်းတယ်မလား"

ကျိချင်းကျိုးကကိုးရိုးကားယားခေါင်းညိမ့်လာပြီး အသံတိုးတိုးလေးဖြင့်ပြန်ဖြေလာ၏။

ချူချန် ရယ်လိုက်မိသည်။ကျိချင်းကျိုးက လက်ဆန့်ပြီး သူ့ခါးကိုဆွဲဆိတ်လာသည်။ချူချန်ကလည်း သူ့လက်ကိုပြန်ဆွဲယူ၍ အကူညီမဲ့စွာဆိုလိုက်သည်။

"ဒီအကျင့်ဆိုးလေးတွေကအခုထိမပြောင်းသေးဘူးနော်"

ကျိချင်းကျိုးကမူ ရွှင်မြူးစွာပြန်ပြောလာသည်။

"မပြောင်းနိုင်ပါဘူး"

ချူချန်ဟာ မနိုင်တော့သလိုမျိုး သူ့လက်လေးအားဖျစ်ညှစ်လာခဲ့၏။

သူက အမှောင်ထဲမှာပဲ ဘေးဘက်မှတစ်ရှူးစနည်းနည်းလောက်ယူ၍ နှစ်ယောက်လုံးရဲ့လက်တွေကိုသုတ်လိုက်ကာ မေးလာသည်။

"ရေချိုးဦးမလား"

ကျိချင်းကျိုးကတော့ နည်းနည်းလေးတောင်မလှုပ်ချင်တော့ပေ။ပြီးတော့ မီးဖွင့်မှာလည်း မလိုချင်သဖြင့် ငြင်းဆိုလိုက်သည်။

"ဟင့်အင်း"

သူ့ရဲ့ပင်ပန်းနေသောအသံလေးအားကြားတော့ ချူချန်က နဖူးလေးအားအ‌နမ်းပေးလာသည်။

"ဒါဆိုအိပ်တော့နော်။ကောင်းသောညပါ"

"ကောင်းသောညပါ"

ကျိချင်းကျိုးပြောပြီးသည်နှင့် မျက်လုံးမှိတ်လိုက်သည်။

အိပ်မက်မမက်ခဲ့သည့်ညတစ်ညပင်။

နောက်မနက်တွင် ချူချန်အိပ်ရာနိုးလာသည်အထိ ကျိချင်းကျိုးက မနိုးသေးပေ။သူ့ပခုံးပေါ်မှီရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။ငြိမ်ငြိမ်လေးအိပ်နေသောသူအားကြည့်၍ ချူချန်မှာ မနှိုးရက်နိုင်ဖြစ်နေရသည်။ထို့ကြောင့် ကျိချင်းကျိုးနိုးအောင်စောင့်ရင်း ဖုန်းဖွင့်၍ သူငယ်ချင်းတွေနဲ့စကားပြောနေလိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now