{အဆက်}

4.9K 889 20
                                    

Unicode

ထိုညတွင် ပရိုဂရမ်ဒါရိုက်တာက ရှိုးတွင်ပါဝင်မည့်သူအားလုံးကို အစည်းအဝေးခေါ်သည်။နောက်တစ်နေ့ရိုက်မည့် အစီအစဉ်အား ပုံစံချပြီးသည်နှင့် အရေးကြီးဧည့်သည်တော်များရဲ့ ဇာတ်ကောင်တွေအားနေရာချပေးလာသည်။လျန်ကျင်းရှင်က ခေါင်းဆောင်နေရာမှာရပ်တည်နေဆဲဖြစ်ပြီး လူတိုင်းရဲ့ ကျောရိုးမကြီးလိုအားတက်စေသည်။လော့ယွီရှင်းက ဉာဏ်စမ်းပြိုင်ပွဲမှာပါဝင်အားဖြည့်ရသူဖြစ်ပြီး သူ့ရဲ့ဉာဏ်စွမ်းဉာဏ်စကိုပြသရမှာဖြစ်သည်။မုန့်ယွမ်ပိုင်ကမူ  သူ့တည်ရှိမှုကြောင့် လိုအပ်ပါက ပြိုင်ပွဲရလဒ်ကိုတောင်ပြောင်းပြန်ပြောင်းလို့ရတဲ့ မောင်ကံကောင်းဖြစ်သည်။ယင်းနျန်၊ကျိချင်းကျိုးနှင့် အသစ်ထပ်ဖြည့်ထားသော ကျိုးရှုရှန်းတို့ကျ နေရာမချရသေးပေ။ယင်းနျန်တွက်ကျ သူကစိတ်ထားပြည့်ဝပြီး အပေါင်းသင်းလည်း ဝင်ဆံ့တော့ တစ်ခြားသူတွေကိုကူညီ ပေါင်းစည်းပေးပြီး အသင်းလိုက်လုပ်ငန်းဆောင်တာတွေကိုအမြဲကူညီနိုင်သည်။ကျိချင်းကျိုးနှင့် ကျိုးရှုရှန်းတို့နှစ်ယောက်သားကတော့ကြည့်ရှူသူတွေက သူတို့ပေါ်ခံစားချက်ပိုကောင်းစေရန် ချစ်ဖို့ကောင်းပြီး ဟာသရွှင်တဲ့ဘက်ကိုသွားဖို့ ဒါရိုက်တာကဆွေးနွေးလာသည်။

   ကောင်လေးတွေရဲ့ ဇာတ်ကောင်အနေအထား သတ်မှတ်ပြီးသွားသည့်နောက် ဒါရိုက်တာကြီးသည် ပါဝင်သူမင်းသမီးနှစ်ယောက်အားကြည့်လိုက်ပြီး အရင်အစီအစဉ်ဇာတ်ကောင်နေရာတွေကိုပြန်ထိန်းသိမ်းခွင့်ပြုလာသည်။အစီအစဉ်မှာပါဝင်မည့် နာမည်ကြီး ဧည့်သည်လေးယောက်တွက်ကတော့ ဒါရိုက်တာက သူတို့ကို ဇာတ်ညွှန်းမချပေးပေ။သူတို့ပုံစံအတိုင်းသာ ကစားခွင့်ပြုသည်။

အစီအစဉ်တွေဆွေးနွေးပြီးနောက် လူအုပ်ကွဲသွားပြီး အနားယူကြတဲ့အခန်းတွေဆီပြန်ဖို့ပြင်ကြတော့သည်။

ကျိချင်းကျိုး အခန်းဆီပြန်နေချိန်မှာပဲ လျန်ကျင်းရှင်ခေါ်သံကိုကြားလိုက်ရသည်။သူမော့ကြည့်လိုက်တော့ အဲ့ကတစ်ခြားသူတွေကလည်း သူ့ကိုကြည့်နေကြတာ မြင်လိုက်ရသည်။လျန်ကျင်းရှင်သည် မလှမ်းမကမ်းတွင် မတ်တပ်‌ရပ်နေတာဖြစ်ပြီး သူ့ကိုပြောလာသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now