Unicode
ကျိချင်းကျိုးတစ်ယောက် ထိုသူက ဒီစကားပြောဖို့ရောက်လာသည်ကို မထင်မှတ်ထားခဲ့ပေ။အတော်အတန်ကြာ စိတ်ရှုပ်သွားရ၏။
"ဒါပေမယ့် ကျွန်တော် ဒီရသစုံရှိုးကို ရောက်လာတာက ပရိသတ်ရဖို့လေ။ကျွန်တော့်မှာ ဘာသိသာတဲ့အားသာချက်မှမရှိရင် ပရိသတ်တွေကို ဘယ်လိုဆွဲဆောင်တာ့မလဲ"
"မင်း ဟာသဘက်သွားပြီး တုံးအအလေးနဲ့ ချစ်ဖို့ကောင်းအောင်နေလို့ရတယ်လေ။ဒီရသစုံရှိုးမှာပါလာကြတဲ့ လူသစ်တော်တော်များများကလည်း အဲ့နည်းလမ်းနဲ့ နာမည်ကြီးလာကတာပဲဟာ။မင်းက ချောလည်းချောတော့ အဲ့ပုံစံနဲ့ အရမ်းသင့်တော်ပါတယ်"
"မလုပ်နိုင်ဘူး"
ကျိချင်းကျိုးပြောလိုက်သည်။
" အဲ့နေရာတွေမှာ ကျွန်တော် မတော်ဘူး။လုပ်လည်း မလုပ်နိုင်ဘူး"
"ချင်းကျိုးရယ် ငါပြောတယ်ဆိုတာကလည်း မင်းကောင်းဖို့အတွက်ပါ။မဟုတ်ရင် မင်းက လော့ယွီရှင်းရဲ့ပုံစံကို လုယူသလိုဖြစ်နေတယ်လေ။လော့ယွီရှင်းကရော လက်ခံနိုင်ပါ့မလား။ငါဒီကိုလာတာ မင်းကို ဖျောင်းဖျဖို့အတွက်လို့ ထင်နေတာလား။ငါတို့ရိုက်ကူးရေးလုပ်ရပြီး ငါတို့ရှိုး ကြည့်ရှူနှုန်းမြင့်နေသမျှကာလပတ်လုံး ဘယ်သူ ဉာဏ်ကောင်းကောင်း၊ဟာသဉာဏ်ရွှင်ရွှင် ငါတို့နဲ့မဆိုင်ဘူး။ငါတို့ရှိုးနဲ့လည်း လုံးလုံးမပတ်သက်ဘူးဟုတ်ပြီလား"
"ဆိုတော့ လော့ယွီရှင်းက ခင်ဗျားကိုတောင်းဆိုထားတာပေါ့"
ကျိချင်းကျိုးမေးလိုက်သည်။
"သူမဟုတ်ပါဘူး။သူ့အေးဂျင့်က ငါ့ဆီဖုန်းဆက်ပြီးဘာတွေဖြစ်လဲမေးတာ။သူတို့လော့ယွီရှင်းကို ဒီမှာကြားခံအဖြစ် သုံးနေကြတာလားတဲ့။လော့ယွီရှင်းက အရမ်းနာမည်ကြီးတာ မင်းသိပါတယ်။ငါတို့ သူနဲ့ပြဿနာမဖြစ်ချင်သလို မင်းလည်း သူနဲ့ ပြဿနာဖြစ်ချင်မှာမဟုတ်ဘူးလေ"
ကျိချင်းကျိုးတစ်ယောက် ထိုစကားများကြားတော့ စိတ်ထဲမှလှောင်ရယ်မိသည်။သူက လော့ယွီရှင်းနဲ့ ပြဿနာမဖြစ်ချင်ပေမယ့် အဲ့တာက လော့ယွီရှင်းသူ့ကို အနိုင်ကျင့်လို့ရမယ်လို့ မဆိုလိုဘူး။လော့ယွီရှင်းနဲ့ ဖန်ယောင်ရွှမ်းတို့နှစ်ယောက်ပဲ။အဲ့နှစ်ယောက်ကို သူလုံးဝသည်းညည်းမခံနိုင်ဘူး!
YOU ARE READING
ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]
RomanceType Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Associated Names Transmigrated as The Villain President's Lover Xuyên Thành Tiểu Tình Nhân Của Tổng Tài Hệ Phản Diện 穿成反派...