{53}

5.3K 823 19
                                    

Unicode


မန့်ရှဲန်းတစ်ယောက် တံခါးလေးဖွင့်ပြီး ချူချန်ဆီသတင်းပို့ရန်ဝင်လာချိန် မိမိ၏လုပ်ဖော်ကိုင်ဖက်ကြီးမှာ အာရုံစူးစိုက်ပြီးစိတ်ပါလက်ပါနဲ့ကြယ်ခေါက်နေ၏။သည့်အပြင် စားပွဲပေါ်မှာလည်း ခေါက်ပြီးသားကြယ်လေးတွေအများကြီးရှိနေလေသည်။

မန့်ရှဲန်းစိတ်ထဲ၌ မိမိပဲတံခါးဖွင့်နည်းမှားသလားဟုပင်ထင်မိသွားရသည်။သူ့ညီလေး၏လက်တွေကို အသေအချာကြည့်ရင်း မေးလိုက်သည်။

"ရို့ ချစ်သူရနေပြီလား"

ချူချန်ကမူ ကြယ်ခေါက်ခြင်းအပေါ်၌သာ အာရုံအပြည့်အဝစိုက်ထားသူဖြစ်၍ မန့်ရှဲန်းရဲ့အသံကြီးကြားလိုက်ရချိန် အလန့်တကြားဖြစ်လွန်ပြီး လက်ထဲရှိစာရွက်တောင်လွှင့်ပစ်လုနီးပါးပင်။

"ဘာလို့တံခါးမခေါက်ဘဲဝင်လာတာလဲ!"

"ဪ ငါသာတံခါးခေါက်လိုက်ရင် မင်းရဲ့မိန်ကလေးဆန်ဆန်ပုံကြီးကိုမမြင်ရတော့ဘူးလေ"

မန့်ရှဲန်းက မေ့ငေါ့ပြကာ--

" ကြယ်တွေတောင်ခေါက်နေတာဆိုတော့ ဘယ်ကောင်မလေးနောက်များလိုက်နေတာလဲကွ။ကောင်မလေးကလည်း ရိုးရိုးအေးအေးလေးဖြစ်မယ့်ပုံပဲနော်"

ချူချန်ကစကားမဆိုလာ။မန့်ရှဲန်းကသာထပ်ပြောလာ၏။

"မဟုတ်သေးပါဘူး…မင်းကကောင်လေးတွေကြိုက်တာမဟုတ်လား။အော်! ဒီခေတ်ကောင်လေးတွေလည်း ကြယ်ကြိုက်ကြတာပဲလား။မိန်းမဆန်လိုက်တာ"

"ခင်ဗျားစ‌ကားမပြောလည်း ဘယ်သူမှအ,အလို့ မထင်ပါဘူး။ကျွန်တော့်ကိုဘာပြောချင်လို့လဲပြော"

" "နတ်ဘုရား၏အမိန့်တော်" ကိုရောင်းပြီးလို့ ငါမင်းကိုလာပြောပြတာ။ထုတ်လုပ်သူအဖွဲ့က ဒီမနက်လက်မှတ်ထိုးထားတဲ့စာချုပ်ထဲက သရုပ်ဆောင်တွေကို ခဏလောက်ကြည့်ချင်တယ်တဲ့"

ချူချန် ခေါင်းညိမ့်လိုက်သည်။

"အိုကေ…ကျွန်တော်သိပြီ"

"ဒါဆို ငါအိမ်ပြန်တော့မယ်နော်။ခရစ္စမတ်ဆိုတော့ အိမ်စောစောပြန်ရတယ်ကွ"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now