{61.1}

4.9K 837 18
                                    

Unicode

ရှူးဂါးဒယ်ဒီတစ်ယောက်ဖြစ်ရတာ လုံးဝလွယ်ကူမနေချေ။သူဆို ဒယ်ဒီတစ်ယောက်ဖြစ်နေတာ သိသာပါရက် အိမ်ပြန်ချိန်မှာ  အငယ်ဆုံးသားလေး မငိုစေဖို့ရန် ကိုယ့်ရဲ့လိုလားချက်တွေကို ထိန်းချုပ်နေရတယ်။ တရုတ်ပြည်မှ ရင်ထဲထိလောက်တဲ့ ပါးပါးကောင်းတစ်ယောက်အဖြစ် ချီးကျူးမှတ်တမ်းတင်ထိုက်ပါပေသည်။ အဲ့လိုတွေးလိုက်ချိန် ကျိချင်းကျိုး သူ့ကို အလျော်ပေးသင့်သည်ဟုခံစားလာရသည်။

"လာ...လာ...နှစ်ကြိမ် နမ်းပြီးပြီဆိုတော့ ဒီတစ်ခါက တခမ်းတနားနမ်းရမည့်အချိန်ပဲ။လာနမ်းလိုက်တော့ ဘေဘီ"

ကျိချင်းကျိုးအထင်တော့ သူနည်းနည်းလွန်နေပြီ။

"အားချန်...ကျွန်တော်တို့ နိုင်ငံက ရှေးလူကြီးတွေဘာပြောခဲ့လဲသိလား"

"ဘာပြောခဲ့လို့လဲ"

"အမှားတစ်ခုဖြစ်ဖြစ် တူညီတဲ့အပြုအမူတစ်ခုဖြစ်ဖြစ် တစ်ကြိမ်ကနေ နှစ်ကြိမ်လုပ်မိသွားခဲ့ရင်ထား သုံးကြိမ်မြောက်၊လေးကြိမ်မြောက်တွေရှိမလာစေပါနဲ့တဲ့။ " *

"ကိုယ်တို့နိုင်ငံရဲ့ ရှေးလူကြီးတွေက သုံးခါမကျော်စေနဲ့လို့ပြောတာလေ။ အခုမှ ကိုယ်တို့နမ်းတာ သုံးခါတောင်မရှိသေးဘူး"

"ခင်ဗျားက သုံးပြီးရင် လေး လာမယ်၊ လေးပြီးရင် ငါးလာမယ်။နောက်ဆုံး ဒီစည်းကမ်းချက်ကိုပါ ဖျက်သိမ်းပစ်တော့မှာ"

"ဘယ်ကသာ...မင်းအတွေးလွန်နေပြီ"

ချူချန်က ‌ခေါင်းမာမာနှင့်ဆက်ငြင်းနေသည်။

"မင်းကိုယ်တိုင်လည်း ခံစားလို့ကောင်းနေတာပဲဥစ္စာ"

ထိုစကားကြားတော့ ကျိချင်းကျိုးရယ်မိသည်။

"ကျွန်တော်က ခံစားလို့ကောင်းနေတယ်ဟုတ်လား ။အခု ပေါ်ပေါ်ထင်ထင် ကလီကမာလုပ်နေတဲ့သူက  ခင်ဗျားနော် "

"ပြောချင်တာ မင်းကတော့ မနမ်းချင်ဘူးပေါ့"

ချူချန်က မျက်ခုံးပင့်လိုက်သည်။

ကျိချင်းကျိုးကတော့ ပြုံးပြုံးလေး သူ့ကိုကြည့်လိုက်ကာ-

"ကျွန်တော်...ပြောရရင်...ကျွန်တော်က အလွန်စည်းကမ်းလိုက်နာတဲ့သူတစ်ယောက်ဖြစ်တာမို့ ကျွန်တော်တို့ အဲ့စည်းမျဉ်းကို ချမှတ်ပြီးတည်းက သဘာဝကျကျလိုက်နာရမှာပဲလေ။အဲ့ဒါကြောင့် ကျွန်တော် ကတ်သတ်မှရမယ်"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now