{ 70}

5.4K 848 20
                                    

Unicode

ချူချန် စကားမဆိုနိုင်ချေ။

"ကောဘာလို့ သစ္စာဖောက်ရတာလဲ"

"မားကို လိမ်တာအားမရလို့ ကိုယ့်ကောကိုပါ လိမ်ချင်နေသေးတဲ့မင်းထက်စာရင် မပြောပလောက်ပါဘူး။ကောကိုပြောပြ... မင်း ညဘက်ကြီး အပြင်သွားချင်နေတာ မင်းအိမ်က ကောင်လေးကို သွားတွေ့ချင်လို့မလား"

"ကျွန်တော်ပြောမဲ့စကားကို ကောသိပြီးသားဖြစ်မှာပါ"

"ရှောင်ချန်...ကော ပြောဖူးတယ်နော်။မင်း ချင့်ချင့်ချိန်ချိန်လုပ်လိမ့်မယ်လို့ ကောမျှော်လင့်ပါတယ်"

"ကျွန်တော် အရမ်းချင့်ချိန်ပါတယ်ဗျ"

"မင်းရဲ့ ချင့်ချိန်ပါတယ်ဆိုတာက နှစ်ကူးကြီ ကိုယ့်မိသားစုကိုပစ်ပြီး တစ်ခြားတစ်ယောက်ကိုရှာဖို့ လိမ်တာကိုလား"

ချူချန် သက်ပြင်လေးချကာဖြင့်...

"ကျွန်တော်သွားချင်တယ်လို့ ကောထင်လား။ကျွန်တော်လည်း မသွားချင်ပါဘူး။ဒါပေမယ့် မသွားလို့ ရလို့လား။နှစ်သစ်ကူကြီး ဘယ်သူက အပြင်ထွက်ချင်ပါ့မလဲကောရာ။တကယ်လို့ ကျွန်တော်သာ သူနဲ့အတူတူ နှစ်သစ်မကူးရဘူးဆို အမြဲဝမ်းနည်းသလိုခံစားနေရတော့မှာကော"

"ကော...ကောမသိလို့..."

ချူချန်က သူ့အစ်ကိုကို ကြည့်လိုက်ကာ-

"သူ တကယ်သနားဖို့ကောင်းတာဗျ။တရုတ်နှစ်သစ်ကူးကိုတောင် ဆေးရုံမှာနေနေရတယ်။ပြီးတော့ သူ့မားမားက ကျန်းမာရေးမကောင်းတော့ သူနဲ့အတူတူ နွေဦးပွဲတော်ကိုမကြည့်ပေးနိုင်ဘူး။ပွဲတော်ကြည့်ရတာ ဒီလောက်ပျင်းဖို့ကောင်းတာကို သူကတော့ ဆေးရုံမှာ တစ်ယောက်တည်း ကြည့်နေရတယ်။အထီးကျန်နေလို့ ကျွန်တော်နဲ့စကားလေး‌ဘာလေးပြောချင်နေတဲ့သူ။ ကျွန်တော်တို့ မိသားစုရဲ့ ပျော်ရွှင်နေတဲ့အငွေ့အသက်ကြောင့် သူပါ တက်ကြွလာတဲ့သူမျိုးပါ။ ကျွန်တော်က စိတ်မကောင်းဖြစ်မိရုံပါပဲ"

ချူရှင်းကတော့ ထိုဟာကို လုံးလုံး စိတ်မကောင်းဖြစ်စရာလို့ မခံစားရချေ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now