{72}

4.7K 792 37
                                    

Unicode

ကျိချင်းကျိုး စိတ်လှုပ်ရှားနေတာဖြစ်မည်ထင်သည်။သူကအမြဲအဲ့လိုပင်။အလွယ်တကူ စိတ်လှုပ်ရှားလွယ်သည်။တစ်ခါစိတ်လှုပ်ရှားသွားပြီဆို သူအရင်က ကတိမပေးထားတာတွေပါ လျှောက်သဘောတူကုန်သည်။ဒါပေမယ့် ချူချန်က မိမိကိုယ်ကျိုးအတွက် တစ်ခါမှ မလုပ်ဆောင်ဖူးချေ။အခုကျ ချူချန်စိတ်ထဲ သူက နှလုံးသားနူးညံ့သူဖြစ်ကြောင်း ခံစားမိသည်။ဒီလိုစိတ်ထားမျိုးဖြင့် မိမိ၏မမြင်ကွယ်ရှာမှာ ဘယ်လောက်များ အခွင့်အရေးယူခံရလိုက်မလဲနော်....

"ကျိုးကျိုး...ကိုယ် မေးမယ်နော်....ဒီနေ့ည ကိုယ့်ရဲ့အပြုအမူတွေက မင်းကို စိတ်လှုပ်ရှားသွားစေတယ်မလား"

"အွန်း"
ကျိချင်းကျိုး ခေါင်းညိမ့်လိုက်၏။

"အဲ့ဒါကြောင့် မင်း ကိုယ့်အပေါ် ကောင်းပေးချင်နေတာမလား"

"အွန်း"

ချူချန် လက်ယက် ခေါ်လိုက်သည်။

ချူချန် လက်ဖျောက်တီးလိုက်သည်။

"လာပါဦး...ပါးပါးက ဒီနေ့မင်းကို သင်ခန်းစာတစ်ခု သင်ပေးမယ်။လူတိုင်းအတွက် စိတ်လှုပ်ရှားတယ်ဆိုတာ သာမန်ပါပဲ...ဒါပေမယ့် မင်းလွယ်လွယ် အပြုစားမခံသင့်ဘူး။တကယ်လို့ မင်း စိတ်တွေလှုပ်ရှားနေရင်တောင် သာမန်အတိုင်းနေ ပေါ်ပေါ်ထင်ထင်မပြရဘူးကွာ။မဟုတ်ရင် တစ်ခြားသူတွေက မင်းပုံစံလေးကိုကြည့်ပြီး လွယ်လွယ်အသုံးချသွားကြလိမ့်မယ်"

"တစ်ခြားသူမဟုတ်ဘူးလေ"

ကျိချင်းကျိုးက ပြောလာသည်။

"ကျွန်တော်က တစ်ခြားသူတွေရှေ့ဆို ဒီလိုမဟုတ်ဘူး"

ခဏတာမျှ ချူချန် တောင့်တောင့်ကြီးဖြစ်သွား၏။

ကျိချင်းကျိုးက သူ သဘောမပေါက်ဘူးထင်ကာ-

"ခင်ဗျားရှေ့မှာရှိတဲ့ကျွန်တော်က တစ်ခြားသူတွေရှေ့မှာ ရှိတဲ့ကျွန်တော်နဲ့မတူဘူး။ပြီး‌တော့ ကျွန်တော်က တစ်ခြားသူတွေရှေ့ဆို ဒီလိုမဟုတ်ဘူး"

ချူချန် : ........

ချူချန် ဒီညမလာခဲ့သင့်ဘူးလို့ ခံစားနေရပြီ! ဒါကဘာတုန်း! ကျိချင်းကျိုးက ပြောရဲဆိုရဲရပ်ကွက်ကပဲနော်! တစ်ခြားသူတွေရှေ့ဆို ကျွန်တော်က ဒီလိုမဟုတ်ဘူးလို့ပါ ပြောရဲနေတယ်! သူ! သူ လုံးဝစည်းကျော်ချင်နေပြီ!

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now