{77}

4.1K 737 30
                                    

Unicode


[ပြောချင်တာ လော့ယွီရှင်းက ခေါင်းဆောင်မင်းသားနေရာအတွက်သွားဖြေပြီး ကျိချင်းကျိုးကအရံမင်းသားနေရာအတွက်သွားဖြေတယ်။ဒါပေမယ့် ကျိချင်းကျိုး သရုပ်ဆောင်တာကောင်းလွန်းတော့ ဒါရိုက်တာက သူ့ကို ခေါင်းဆောင်မင်းသားနေရာမှာ ထားဖို့ ဆုံးဖြတ်လိုက်တယ်။အဲ့လိုလား]

[အမေးဇင်းးးးးးးးး ကျိချင်းကျိုးက တော်လိုက်တာ!!!]

[မဖြစ်နိုင်တာ။ဒါကြီးက ရယ်စရာကောင်းလွန်းနေပြီ....ကျိချင်းကျိုးအလုပ်တွေက အခြေမခိုင်လွန်းသေးပါဘူး]

[မဖြစ်နိုင်ဘူးနော်၊ပေါက်ကရတွေ၊ကျိချင်းကျိုးက ဘာမှများများစားစားရိုက်ရသေးတာမဟုတ်ဘူးနော်။《‌နတ်ဘုရားအမိန့်တော်》ရဲ့ ခေါင်းဆောင်မင်းသားနေရာဟုတ်လား။ဒီလောက်ကောင်းတဲ့အရာမျိုးကို ကျိချင်းကျိုးက ဘယ်လို ရနိုင်မှာလဲ]

[ဘာဖြစ်ဖြစ် ကျိချင်းကျိုး လော့ယွီရှင်းနဲ့ နည်းနည်းဆင်တာတော့ အမှန်ပဲဟ။ဒါရိုက်တာက အစပိုင်း လော့ယွီရှင်းက်ု သုံးဖို့ ဆုံးဖြတ်ထားပြီး သူနဲ့နည်းနည်းတူတဲ့ ကျိချင်းကျိုးကို တွေ့တဲ့အချိန် ကျိချင်းကျိုးကလည်း သူ့ထက် သရုပ်ဆောင်ပို ကောင်းနေတော့ လော့ယွီရှင်းကို မရွေးတော့ဘဲ ကျိချင်းကျိုးကို ခေါင်းဆောင်မင်းသားနေရာထားလိုက်တာဖြစ်မယ်။အဲ့လိုလား]

[ဘာတွေလိုက်ပြီးအကျိုး‌အကြောင်းရှာနေကြတာလဲ။သတင်းအတုကြီးပဲ။ကျိချင်းကျိုးရဲ့ ကျော်ကြားမှုက လော့ယွီရှင်းနဲ့ယှဉ်နိုင်လို့လား။ပြီးတော့ ဒီဇာတ်ကားမှာကျိချင်းကျိုး ပါမယ်လို့ ဘယ်သူမှ မဆုံးဖြတ်ရသေးဘူး]

[ဒါပေမယ့် ကျိချင်းကျိုးလည်း အခု နာမည်ကြီးနေတာပဲလေ]

[နင်တို့ ကျိချင်းကျိုးတွက်နဲ့ ကိုယ့်မျက်နှာကိုယ်ထိုးပေးနေကြတာလား ။ နင်တို့ သူဌေးက ဘယ်လိုလူမျိုးလဲဆိုတာတောင် မပြောနိုင်ကြပဲနဲ့]

သေချာပေါက်ပင် လော့ယွီရှင်း ပရိတ်သတ်တွေဝင်ပါလာကြ၏။

[အစ်မတို့ရေ အရှက်လေးရှိကြပါဦး။သူ့ကိုကြိုက်နေလဲ သုံးစားမရဘူး။အခြေမြစ်မရှိတာတွေ]

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now