{83}

4K 746 14
                                    


Unicode

အဆုံးမတော့ချူချန်တစ်ယောက် Weibo ဖွင့်ပေးဖို့ရန် ရှောင်ချန်းဆီ အကူအညီတောင်းရတော့လေသည်။သူက ကျိချင်းကျိုးကို သွားfollowလိုက်ပြီး 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》အကြောင်း ကျိချင်းကျိုးရေးထားတဲ့စာကိုပဲ တိုက်ရိုက်ပြန်တင်လိုက်၏။ထို့နောက် ကျိချင်းကျိုးအား သူ့ကို ပြန် followခိုင်းပြီး သူတင်ထားတဲ့ ပို့စ်ကို ပြန် တင်ပေးဖို့ တောင်းဆိုလိုက်ရ၏။

ကျိချင်းကျိုးတစ်ယောက် သူ့တောင်းဆိုချက်ကို ကြိုတင်ခန့်မှန်းပြီးသားဖြစ်၍ အရင်က ရှောင်ချန်း သူနဲ့ချူချန်ကို ရိုက်ပေးထားသည့်ပုံလေးအား စာနှင့်တကွ‌တင်လိုက်သည်။
[#ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ,#တစ်ဘစ် ချူချန်]

ချူချန်ကလည်းတစ်ခြားပုံတစ်ပုံနဲ့ ပြန်တင်လိုက်သည်။
[နောက်ထပ်တစ်ဘစ်]

ကျိချင်းကျိုးပရိတ်သတ်များက သူ့Weiboနဲ့ commentအောက်မှာတွားသွားထွက်လာကြသည်။

[ကျေးဇူးပါ ရှောင်ကောကော] 

ချူချန်သည် တရိပ်ရိပ်တက်လာသော သူ့ comment section က commentတွေကိုကြည့်ပြီး သူတို့ရဲ့ cp နာမည်ကို search box မှာ ရှာကြည့်လိုက်သော်ငြား ရလဒ်ကတော့
[Sorry, no relevant results found] ပဲဖြစ်နေ၏။

ချူချန် : .........ဒီအလုပ်ရဲ့ခရီးရောက်နှုန်းကလည်း ကြာလိုက်တာကွာာာာ~ ဆယ်မိနစ်တောင်ရှိနေပြီလေ ခင်ဗျားတို့ရယ် ဘာလို့ ဘယ်သူမှ CP အကြောင်းမပြောကြတာတုန်းးးး!

ချူချန်တစ်ယောက် ရှောင်ချန်းကိုလှမ်းကြည့်လိုက်ကာ-

“လာဦး...မင်းကိုခိုင်းစရာရှိတယ်”

“ချူရှောက်ပြောပါ”

“ငါလည်း ဒီဟာလိုမျိုးတစ်ခုလိုချင်တယ်”

ချူချန်က ကျိချင်းကျိုးရဲ့CP တွေထဲမှာ ထိပ်တန်းဖြစ်နေတဲ့ #လျန်ကျိုး CPကို ထိုးပြပြီးပြောလာတာ ဖြစ်သည်။

ရှောင်ချန်း : .......

ရှောင်ချန်းတစ်ယောက် ကားအောက်ဝင်နေလိုက်သင့်သည်ဟုခံစားနေရသည်။ဒီနားမှာ လာနေပြီး အေးစက်စက်ခွေးစာတွေနဲ့ သူ့မျက်နှာကို အရမ်းမဲ့ရိုက်နှက်နေသည်အား မခံနေသင့်ပေ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now