{84}

4.6K 761 27
                                    

သီချင်းလေးနားထောင်ကြည့်နော်🎵 ယင်းနျန်အတွက် ကိုယ့်လက်ဆောင်လေးမို့🎶

Unicode

ရိုက်ကူးရေးဆယ်ရက်ကြာပြီးတဲ့နောက် ကျိချင်းကျိုးတစ်ယောက် ပထမဆုံးဇာတ်ဝင်ခန်းကြီးကို ရိုက်ရတဲ့အချိန်သို့ ရောက်လာခဲ့သည်။ရှန်ချောင်ရဲ့ ကျင့်ကြံရေးဖျက်ဆီးခံလိုက်ရသည့်အခန်းပင်။

ကျိချင်းကျိုး ထိုအခန်းကို သရုပ်ဆောင်ရသည့်အချိန်က အလွန်အမင်းထိုင်းမှိုင်းနေမိသည်။ရှန်ချောင်က လှည့်စားခံလိုက်ရပြီး ပြိုင်ပွဲတွင်း သူ့ခွန်အားအကုန်ကို ထုတ်မသုံးနိုင်ခဲ့သည့်အပြင် အရမ်းရက်စက်လွန်းသောပြိုင်ဘက်၏ ပြိုင်ပွဲကွင်းထဲကနေ ကန်ထုတ်ခြင်းခံလိုက်ရလေသည်။ထို့ပြင် ရှန်ချောင်ရဲ့ အရည်အချင်းမရှိမှုကို အပြစ်ဒဏ်ပေးတဲ့အနေနဲ့ ယောင်္ကျားတစ်ယောက်က သူ့ကျင့်ကြံရေးကို ဖျက်ဆီးဖို့ ကြိုးစားခဲ့သည်။ထိုအရာကိုမြင်တဲ့ ရှန်ချောင်ပါးပါးနဲ့ကောကောက ထိုလူကို ကမန်းကတန်းတားကြပေမယ့်ထို ယောင်္ကျားရဲ့ လက်အောက်ငယ်သားတွေက သူ့တို့ကို ရပ်တန့်စေခဲ့သည်။

“အရှုံသမားကအသုံးမဝင်ဘူး။သူရှုံးနေပြီဆိုတည်းက ပြစ်ဒဏ်ခံရမှာပဲ”

ရှန်ချောင်က ထိုလူရဲ့ လှုပ်ရှားမှုတွေကို တိတိပပရှောင်ရှားလိုက်နိုင်သော်ငြားတားဆီးဖို့ခက်ခဲသည့်အတွက် သူ့ကျင့်ကြံဆင့်တွေဖျက်ဆီးခံလိုက်ရသည်။ဒေါသတရားတွေ ကြောက်ရွံ့မှုတွေနဲ့ သူ့ရှေ့ကလူကို ‌အလျော့မပေးတမ်းကြည့်နေသည့်တိုင် သူ့ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်ခဲ့ပေ။ဒါပေမယ့်  တစ်ဖက်လူပေါ်ကြည့်နေသည့် သူ့အကြည့်တွေက အန္တရာယ်များလွန်းလှသည်။အစပိုင်း ကြောက်ရွံ့မှုတွေသည်လည်း ဒေါသအဖြစ်သို့ တဖြည်းဖြည်းပြောင်းသွားကာနောက်ဆုံးတော့ သူ့မျက်လုံးတွေနီရဲလာခဲ့၏။ပေကတ်ကတ်နိုင်မှုတွေလည်း တစ်စစီပြန့်ကျဲသွားလျက် အားကိုးရာမဲ့မှုတွေ၊စိတ်သိမ်ငယ်မှုတွေသာ ကျန်ရှိနေခဲ့လေတော့သည်။

ထိုအချိန်၌ တစ်ခါက ရွှတ်နောက်နောက်နေတတ်ပြီးဖြူစင်လှသည့် ဉာဏ်ကြီးရှင်လူငယ်လေးက လုံးလုံးပျောက်ကွယ်သွားချေလေပြီ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now