{89}

4.1K 706 18
                                    

Unicode

"ဒါကဘာအဓိပ္ပါယ်လဲ" ‌ဆွဲကြိုးပေါ်က ကျောက်ဆွဲသီးကို ညွှန်ပြရင်း သူပြောလိုက်သည်။

ဒီဆွဲသီးလေးက ကျိချင်းကျိုးအတွက် သူပုံသွင်းပေးထားတဲ့ဆွဲသီလေးနှင့် ပုံစံတူဖြစ်ကာ ဇီးသီးစိမ်းလေးမြှုပ်ဝင်နေတဲ့ လေးထောင့်‌ဘောင်လေးတစ်ခုသာကွဲပြား၏။

ကျိချင်းကျိုးက ဆွဲသီးကိုညွှန်ပြ၍ သူ့ကိုရှင်းပြလာသည်။

"ဒါက တရုတ်ဇီးသီးစိမ်းလေ၊ဒါက နံရံ၊ဇီးသီးစိမ်းကို နံရံနဲ့ခြံခတ်ထားတာ။အဲ့ဒါကြောင့် ဇီးသီးမှည့် နံရံကျော်ရင်တောင် ဇီးသီးစိမ်းက ကျော်မှာ မဟုတ်တော့ဘူး။"

သူက ချူချန်ကိုကြည့်၍ ညင်ညင်သာသာလေးပြောလာသည်။

"ကျွန်တော် နံရံကျော်မှာမဟုတ်ဘူး"

『T/N ကျွန်တော်ဖောက်ပြန်မှာမဟုတ်ဘူး』

ချူချန်မှာနားထောင်ရင်း နှလုံးသားကခပ်ကြမ်းကြမ်းတုန်ခါနေသည်။ကျိချင်းကျိုး၏မျက်လုံးများထဲ တည့်တည့်စိုက်ကြည့်ပြီး တစ်ခုခုပြောလိုက်ချင်ပေမယ့် ဘာပြောရမှန်းလည်း သိမနေပေ။အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ဆန့်၍ ကျိချင်းကျိုးအား လက်မောင်းတွေထဲဆွဲသွင်းလိုက်ကာ တိတ်ဆိတ်စွာဖြင့် စကားမဆိုခဲ့ပေ။

ကျိချင်းကျိုးကလည်း နာနာခံခံဖြင့် သူ့ကိုပြန်ဖက်ထား၏။

"မွေးနေ့မှာပျော်ရွှင်ပါစေ"

"အင်းး" ချူချန် တုံ့ပြန်စကားဆိုလိုက်ပြီး ခေါင်းစောင်း၍ ကျိချင်းကျိုးအား နမ်းရှိုက်လိုက်ကာ တင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်တယ်။

ကျိချင်းကျိုးမှာ အတော်ကြာ အဖက်ခံလိုက်ရပြီးနောက် တစ်ခုခုကို သတိရသွားကာ သူ့ကိုလွှတ်ပြီး မျက်နှာကိုကြည့်၍ ရွှင်မြူးစွာစကားဆိုလာသည်။

"ကျွန်တော်ကပထမဆုံးပဲ"

"ခင်ဗျားကို မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ပြောတာ ကျွန်တော်ကပထမဆုံးပဲနော် "

သူ့မွေးနေ့ကိုရည်ညွှန်းနေကြောင်းသိတဲ့အတွက် ချူချန်ကလည်း ပြုံးရင်း

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now