{90}

4.2K 779 64
                                    

Unicode


“ကောမျက်လုံးထဲမှာ ကျွန်တော်က ထောင်သားနဲ့တူနေတာလား?”

ချူချန်ရှော့ခ်ရသွား၏။

“ကွားခြားချက်ကအကြီးကြီးနော်”

ချူရှင်းကရှားရှားပါးပါးပြုံးရယ်လာခဲ့ပြီး တည်ငြိမ်စွာစကားဆိုလာသည်။

“မင်းကအခုတူလုနီးပါးကိုဖြစ်နေပြီနော်ရှောင်ချန်”

သူ ချူချန်ကိုကြည့်လျက် အလေးအနက်ထားပြောလိုက်သည်။

“မင်းမှာ အတိုင်းအတာရှိပါတယ်လို့ပြောတာကို ယုံစေချင်ရင် စကားနဲ့ကိုက်အောင်လုပ်သင့်တယ်”

ချူချန်ကတော့ သူမဟုတ်တာတွေ လိုက်စိုးရိမ်နေသည်ဟုထင်သည်။

“စိတ်မပူပါနဲ့။ကျွန်တော်တို့ပြီးတော့မှာ။နှစ်လပဲကျန်တော့တယ်။မကြာခင်ပြီးတော့မှာ”

ချူရှင်းတစ်ယောက် ပဟေဋိဖြစ်သွားပြီး ချူချန်လည်ပင်းက ဆွဲကြိုးကိုတစ်ချက်ကြည့်လိုက်ကာ ဘာမှ ထပ်မပြောတော့ဘဲ “ကောင်းတာပေါ့” ဟုသာပြောထွက်သွား၏။

“အဲ့ဒါကြောင့် အများကြီးစိုးရိမ်မနေပါနဲ့။ကျွန်တော်ကပြောတဲ့အတိုင်းလုပ်မှာပါ”

“ကောင်းပြီလေ” ချူရှင်း အရှေ့ဆီလျှောက်သွားလိုက်သည်။

ချူချန်လည်း သူ့နောက်ကလိုက်လျှောက်ကာ-

“ဒါနဲ့ကော....”

သူတိုးတိုးပြောလိုက်၏။

“တစ်လျှောက်လုံး ပါးနဲ့မားကို မပြောပဲနေပေးတဲ့အတွက် ကျေးဇူးပါ”

“ဒါကဘာမှမဟုတ်ပါဘူး။လူငယ်တွေက အပျော်တမ်းချစ်ကြကြိုက်ကြတာပဲလေ။မင်းလည်း အပျော်တမ်းကစားလို့ရတယ်။ကစားခွင့်ရှိတယ်။ဒါက မင်းဘဝရဲ့ တစ်‌စိတ်တစ်ပိုင်းလေးဖြစ်ရုံပဲကို ပါးနဲ့မားတို့သိစရာမလိုပါဘူး။”

ချူချန်တစ်ယောက် အလိုလိုခေါင်းငုံသွားပြီး အကြောင်းပြချက်မရှိ စိတ်အနှောင့်ယှက်ဖြစ်လာသည်။ချူရှင်းရဲ့စကားတွေက လွဲနေတယ်လို့ခံစားနေရပေမယ့် ဘာမှမလွဲနေဘူးလို့လည်း ခံစားနေရပြန်တယ်။သူနဲ့ကျိချင်းကျိုးတို့ကြား ဆုံမှတ်ဆိုတာမရှိ၊အမှတ်မထင်တွေ့ခဲ့ကြပြီး တဖြည်းဖြည်းကိုယ့်လမ်းကိုလျှောက်ရမှာပင်။ဒါက သူတို့လမ်းကြောင်းဖြစ်ပြီး သာမန်ပဲဖြစ်သလို ပြဿနာလည်းမရှိ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now