{93}

4.2K 889 51
                                    


Unicode

“အမှန်ပဲ”

လော့ယွီရှင်းက ချူချန်ကိုကြည့်လာကာ-

“ ထင်တဲ့အတိုင်း ခင်ဗျားတို့က သူငယ်ချင်းမဟုတ်ကြဘူးပဲ။ကျိချင်းကျိုးက ကျွန်တော့်လောက်မှမကောင်းတာ ခင်ဗျားသူငယ်ချင်းဖြစ်ဖို့မတန်ဘူး။သူက ခင်ဗျားပျော်ရွှင်ဖို့အတွက် ထောက်ပံ့ဖို့သက်သက်မွေးမြူထားတဲ့ စာဝါငှက်တစ်ကောင်သက်သက်ပဲ။ခင်ဗျားက သူနဲ့ကစားနေတာ။သူက ခင်ဗျားသူငယ်ချင်းဖြစ်ဖို့ တကယ်မထိုက်တန်ဘူး”

“အဲ့တော့?” ချူချန် သူ့ကိုကြည့်လိုက်သည်။အခုချူချန်ကထိုင်နေတာတောင် သူ့အရှိန်အဝါက လော့ယွီရှင်းကို ဖိနှိပ်နေဆဲပင်။

“မင်း တမင်သက်သက်ကြီး ငါ့ကိုချည်းကပ်ပြီး အသည်းအသန်တွေ့ဖို့ကြိုးစားနေတာက..... ငါ့စာဝါငှက်လေးဖြစ်ချင်လို့လား”
<စာဝါငှက်ဆိုတာက ဟိုတေးဆိုငှက်လိုပုံစံမျိုးကွာ အိပ်ရာထဲမှာပဲ ညည်းညူးတဲ့အသံလေးတွေထုတ်ပေးတယ်ဆိုတဲ့သဘော>

လော့ယွီရှင်းကတန့်သွားကာ ချူချန်ကိုကြည့်၍ ဆွံ့အနေမိ၏။

ကျိချင်းကျိုးတစ်ယောက် လက်တွေ တဆတ်ဆတ်တုန်နေသလိုခံစားနေရသည်။သူအခုပဲတံခါးတွန်းဖွင့်ပြီး ခင်ဗျားအရင်က ကျွန်တော့်ကိုဘာပြောခဲ့လဲမေ့သွားပြီလားဆိုပြီး ချူချန်ကိုမေးပလိုက်ချင်သည်။ဒါပေမယ့် တစ်စက်လေးတောင်မလှုပ်ခဲ့ပေ။ချူချန် သူ့ကိုပေးထားတဲ့ကတိအားမေ့လိမ့်မယ်ဆိုတာ မယုံနိုင်ဘူး။သူ့ကို လိမ်ညာလိမ့်မယ်လို့လည်း မယုံနိုင်ဘူး။ထို့ကြောင့် တံခါးလက်ကိုင်အား ကိုင်တာ တိတ်တိတ်လေးပဲရပ်နေလိုက်သည်။

ချူချန်သည် အသံဖမ်းခလုတ်အားဖိထားရင်း လော့ယွီရှင်းကိုကြည့်၍ ရှင်းရှင်းလင်းလင်းပြောလိုက်၏။

“ကျိချင်းကျိုးက ငါ့စာဝါငှက်လေးဖြစ်လို့ ငါက သူ့ကို ချီးကျူးပေးတယ်။အရင်းအနှီးပေးတယ်၊ငွေကြေးထောက်ပံ့ပေးတယ်။သူ့အနုပညာလမ်းကြောင်းကိုဖြောင့်ဖြူးစေတယ်။အရင်တစ်ခေါက်ပြိုင်ပွဲမှာတောင် မင်းကိုလွှမ်းမိုးသွားစေတယ်လို့ မင်းကထင်တယ်။မင်းကတော့ကံစီမံရာလက်မခံနိုင်ဘဲ ငါမင်းကိုကယ်အောင်အစီစဉ်ဆွဲတယ်။မတော်တဆတွေ့သလိုမျိုးဖြစ်အောင် တမင်တကာတောင်ကြံစည်လိုက်သေးတယ်။ကျိချင်းကျိုးအခန်းထဲက ထွက်ထွက်ချင်း မင်းက အခန်းမှားသလိုမျိုး ချက်ချင်းဝင်လာတာဆိုတော့ ငါဒီမှာ ရှိမှန်းမင်းသိပြီး ငါ့ကိုတွေ့ဖို့ ရောက်လာတာမလား”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now