{99}

4.9K 996 97
                                    


Unicode

ချူချန်အိမ်ပြန်တဲ့အချိန်ကျ အရမ်းနောက်ကျလွန်းနေပြီဖြစ်သည်။မိုးလင်းကနေမိုးချုပ်ထိ တစ်ချိန်လုံးကုမ္ပဏီမှာပဲ အချိန်ကုန်နေခဲ့၏။အိမ်ပြန်ချင်သော်လည်း အိမ်ကို မသွားရဲပါ။လူတိုင်းကတော့ သူအချိန်ပိုဆင်းနေတယ်ဟုတွေးကြပေမယ့် ချူချန်ကိုယ်တိုင်သာ အသိဆုံး။ဒီနေ့တစ်နေ့လုံး ဘာအလုပ်မှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ခဲ့။ရုံးခန်းထဲမှာ ထိုင်ပြီး ကျိချင်းကျိုးထွက်သွားတဲ့အကြောင်းကိုတွေးတယ်၊သူညဘက်အိမ်ပြန်ရမယ့်အကြောင်းကိုတွေးတယ်။ဒါပေမယ့် အခန်းထဲမှာ ရှိနေသင့်သော လူသားအား ဘယ်တော့မှ သူမတွေ့နိုင်တော့ပါ။တစ်နေ့လုံးအတွေးထဲပဲ နစ်မြောနေခဲ့၍ ဘယ်အရာပေါ်မှ အာရုံစိုက်နိုင်စွမ်းမရှိခဲ့။

ဒါမဖြစ်သင့်ဘူးလို့ ချူချန်တွေးနေမိတယ်။ဒီလိုအခြေအနေမျိုး ဘယ်တုန်းကမှ မဖြစ်ဖူးခဲ့တဲ့သူက ကိုယ်ရေးကိုယ်တာကြောင့်လည်း အလုပ်ကို အကျိုးမသက်ရောက်စေခဲ့ဖူးပါ။ဒီအခြေအနေကြီးက အရမ်းမဆီလျော်လွန်းနေပြီ။

ချူချန် ကားရပ်ပြီး ထိုင်ခုံခါးပတ်ဖြုတ်၍ ကားထဲမှထွက်လိုက်ချိန် ကျိချင်းကျိုးကိုလက်ဆောင်ပေးခဲ့သော Porsche အား တစ်ချက်တည်းနဲ့မြင်လိုက်ရသည်။မနေ့က ကျိချင်းကျိုးကို ကားသော့ပေးခဲ့ပြီးပြီဥစ္စာ ကားက သူ့အပိုင်ဖြစ်သွားပြီလေ။ကျိချင်းကျိုးလည်း သဘောတူခဲ့ပေမယ့် ကားက အခုထိသူ့ကားပါကင်မှာရှိနေဆဲ။

ချူချန်ခဏတာ ကြောင်ငေးနေမိပြီးမှ တစ်စုံတစ်ခုအား သတိရသွားကာ ဓာတ်လှေကားဆီ အပြေးအလွှားသွား၍ အိမ်ကိုမြန်မြန်သွားလိုက်သည်။တွေ့ပါပြီ။အိမ်သော့ရောကားသော့ပါ အိပ်ရာဘေးက စားပွဲပေါ်မှာ ရှိနေခဲ့ပါသည်။
အခုချိန် ချူချန်ရဲ့ နှလုံးသားထဲမှာ အကူညီမဲ့မှုတွေ၊စိတ်ဓာတ်ကျမှုတွေ၊ဒေါသတရားတွေလှိမ့်တက်လာကာ ကျိချင်းကျိုးဆီ ဖုန်းဆက်လိုက်သည်။

ခဏကြာပြီးနောက် ကျိချင်းကျိုးက ဖုန်းကိုင်ပြီး သူ့ကိုမေးလာသည်။

“ဘာလို့လဲ”

“ဘာလို့မယူသွားတာလဲ”

လိုရင်းကိုသာ ချူချန်တန်းမေးလိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now