{105}

5.1K 935 117
                                    

•Unicode•

ချူချန်က သူ့ကိုဖက်ထားရင်း လက်တွေကို တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့သည်။ကျိချင်းကျိုးမှာ သူ့လက်ကို ပြန်ဆွဲယူချင်သော်လည်း လက်ကလေးလှုပ်မိတာနဲ့တင် ပိုပြီး တင်းကြပ်စွာ ဆုပ်ကိုင်ခံလိုက်ရသည်။ အရမ်းတင်းကြပ်လွန်း၍ နာကျင်လာမိသည်အထိပင်။

“ကျွန်တော်လွှတ်ပေးပါ” ကျိချင်းကျိုး ထပ်ပြောလိုက်သည်။

“ခင်ဗျားအမြဲပဲ ကျွန်တော့်ကို လွှတ်ပေးချင်နေတာလေ။အခုလွှတ်ပေးပါတော့”

“ကိုယ် မင်းကို အရမ်းလွမ်းတယ်”

ချူချန်က သူ့စကားကို ပြန်ဖြေတာမျိုးမဟုတ်ဘဲ သူ့ဘာသာ ရေရွတ်နေခဲ့သည်။

“နေ့တိုင်းနေ့တိုင်းမင်းကိုသတိရတယ်။အချိန်တိုင်း မင်းအကြောင်းတွေပဲ အိပ်မက်မက်တယ်။ဒါပေမယ့် တစ်ခါတစ်လေဆို ကိုယ့် အိပ်မက်ထဲမှာတောင် မင်းကို မတွေ့လိုက်ရဘူး။ခဏလောက်လေးတော့ ဖက်ခွင့်ပေးမယ်မလား။ခဏလေးပါပဲ”

ကျိချင်းကို ပြန်မပြောခဲ့ပါ။ချူချန်ရဲ့ ပွေ့ဖက်မှုနှင့် သူ့နားထဲကြားနေရသည့် ထိုစကားတွေကိုသာ နားထောင်နေလိုက်ရင်း ချူချန်က သူ့ကို ကြိုက်နေတယ်လို့ ထင်ရစေတဲ့ ထင်ယောင်ထင်မှား တစ်ခု ပေးနေပြန်ပြီလို့ တွေးလိုက်မိသည်။

သူ ချူချန်ကို မတွန်းထုတ်ခဲ့မိ။တကယ်တော့ သူ ချူချန်ကို ဘယ်တုန်းကမှ မတွန်းထုတ်ချင်ခဲ့တာလည်း ဖြစ်နိုင်လောက်ပါသည်။သူ့လက်ကို ဆုပ်ကိုင်ထားပြီး တွန်းထုတ်ခွင့်မပေးတဲ့ ချူချန်ကိုတောင် မသိစိတ်ကနေ ကျေးဇူးတင်နေမိတဲ့သူပါပင်။နောက်ပိုင်း ဒီဆက်ဆံရေးကို သူပြန်တွေးမိတဲ့အခါ နောင်တမရဘဲ “ကျွန်တော်က နှလုံးသားနဲ့ဆန့်ကျင်တာဘာတစ်ခုမှမလုပ်ခဲ့ဘူး။လမ်းခွဲတော့ ဝမ်းနည်းရပေမယ့် အဆင့်တိုင်းကိုလုပ်ဆောင်ဖို့  ကျွန်တော်ကတော့ ဆန္ဒရှိနေတာပဲလေ”ဆိုပြီး ပြောနိုင်မှာဖြစ်သည်။

ချူချန်က သူ့ကို အကြာကြီးဖက်ထားပြီးမှသာ နှစ်ယောက်ကြား အကွာအဝေးတစ်ခုကို တိတ်တဆိတ်ခြားပေးလိုက်သည်။သူသည် မိမိရှေ့မှ လူသားအား ကြည့်ရင်း ထိုလူသား၏ လက်ဖမိုးလေးအား သူ့လက်မဖြင့် ညင်ညင်သာသာလေး ပွတ်သပ်ပေးနေမိသည်။သို့သော် ကျိချင်းကျိုးကလှုပ်လိုက်တဲ့ အချိန် သူ့လှုပ်ရှားမှုတွေ ရပ်တန့်သွား၏။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now