{107}

5.4K 972 85
                                    


Unicode


“အဲ့တော့ ကျွန်တော်က ပိုက်ဆံအရှုံးခံပြီးထွက်ရမှာလား”

ကျိချင်းကျိုးက လက်သင့်မခံပေ။ဒီကမ္ဘာကို သူစစရောက်ချင်းတုန်းကတော့ သူ့မှာဘာမှမရှိခဲ့ပေ။ဖန်ယောင်ရွှမ်းကို မြင်တာနဲ့ ဝေးဝေးနေချင်တဲ့ စိတ်သာရှိပြီး ထိုလူနဲ့ ပတ်သက်ရမှာကို ကြောက်ခဲ့သည်။ဒါပေမယ့် သူ အခုဆို ဒီကမ္ဘာကို ရောက်တာ တစ်နှစ်တင်းတင်းပြည့်ပြီ။ထို့ကြောင့် သူ့မှာ သေချာတဲ့ နာမည်တစ်ခုရှိနေခဲ့ပြီဖြစ်သည်။ဘာကိစ္စ ဖန်ယောင်ရွှမ်းကို အလျော့ပေးရမှာလဲ? ဒီရုပ်ရှင်မှာဆို သူ အရင် ဒီဇာတ်ကားထဲမှာ ပါဝင်ပြီးမှ ဖန်ယောင်ရွှမ်းက လီအောင်းနေရာကို ယူလိုက်တာ အသိသာကြီး။ဒါပေမယ့် သူကို စာချုပ်ဖျက်ပြီး လျော်ကြေးပေးရမယ်လို့ လာတောင်းဆိုနေကြတာလား?

ကျိချင်းကျိုးမှာ လုပ်ချင်စိတ်မရှိဘူး။သူ ဘယ်သူ့ကိုမဆို သည်းခံပေးလို့ရတယ်။ဒါပေမယ့် အဲ့လူထဲမှာ ဖန်ယောင်ရွှမ်းနဲ့ လော့ယွီရှင်းတော့မပါဘူး။

“ကျွန်တော့်အတွက် ပိုက်ဆံရှာရတာလွယ်တဲ့အလုပ်မဟုတ်လို့ ဒီလိုနေရာမျိုးမှာ ဖြုန်းချင်စိတ်မရှိဘူး။ကျိုးကောလည်းသိပါတယ်။ကျွန်တော်နဲ့ချူချန်က လမ်းခွဲပြီးပြီမို့ သိပ်စိတ်ပူစရာမလိုပါဘူး။ကျွန်တော်ဘယ်သူနဲ့ဇာတ်ကားရိုက်ရိုက် ကျွန်တော့်လွတ်လပ်ပိုင်ခွင့်ပဲ။သူ ကျွန်တော့်ကို တစ်ချိန်လုံးထိန်းချုပ်နေလို့မရဘူး။ပြီးတော့ ကျွန်တော်လည်း အမြဲတမ်း သူ့စကားနားထောင်ပေးမှာ မဟုတ်တော့ဘူး။ကျွန်တော်က လွတ်လပ်တဲ့သူတစ်ယောက်ဖြစ်နေပြီ။ကျွန်တော့်မှာလည်း ကိုယ်ပိုင်အတွေးအခေါ်တွေရှိပါတယ်။ထွက်ချင်ရင် ဖန်ယောင်ရွှမ်းဘာသာထွက်ပစေ။ကျွန်တော်ကတော့မထွက်ပေးနိုင်ဘူး”

သူကပြောပြီးတာနဲ့ အသက်တစ်ချက်ရှူလိုက်ပြီး ကျိုးချန်ဖုန်းကို ပြောလိုက်သည်။

“ဒီကိစ္စ ချူချန်ကို မပြောပါနဲ့။ သူက ရှီးယွီရဲ့ ဒုသခင်လေးဆိုပေမယ့် ခင်ဗျားက ကျွန်တော့်မန်နေဂျာပါ။ပြီးတော့ ချူချန်က ရှီးယွီအကြောင်းတွေဆို စိတ်မဝင်စားဘူး။ရှီးယွီကအနုပညာရှင်တွေရဲ့ အလုပ်ကိုလည်း သူဘယ်တုန်းကမှ ဝင်မပါဖူးဘူးဆိုတာ ကျွန်တော်သိတယ်။အခုလည်း ကျွန်တော်က တစ်ခြားသူတွေလို ရှီးယွီရဲ့သာမန်အနုပညာရှင်ပါ”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now