I married my sister's husband 💚Part 1

62.9K 889 33
                                    

I married my sister's husband 💚Part 1

"ကြည့်ပါဦး သူမက သူမအမေအချိုးအတိုင်းဘဲလေ အခုသူ့အမရဲ့ယောကျ်ားကို လက်ထပ်သွားတာ မယားငယ်သွေးပေါ့"

မိန်းမကြီးများထုံးစံအတိုင်းတီးတိုးကာ ပြောနေကြသည်

"ကိုယ့်အစ်မမီးတွင်းထဲမှာဆုံးသွားတာတောင်မကြာသေးဘူး သူ့အစ်မယောကျ်ားကိုမှ ယူရတယ်လို့အေ ကြားမကောင်းပေမဲ့ အသိမို့လို့သာ ပွဲလာတက်ပေးရတယ်"

သူမတီးတိုးစကားသံများအား ကြားရကာ အကိုထေ့ရဲ့ လက်မောင်း အကျီစလေးများကို မထိတထိလေးသာ ကိုင်ထားတဲ့လက်လေးတွေအားလျော့သွားသည်

"ငါတော့ ကလေးဘဲ သနားတယ် မွေးပီးပီးခြင်းမှာတင် မိထွေးရရတယ်လို့ စကားထစ်အအလေးမို့ သနားကမားလေးဖြစ်ပေမဲ့ ကိုယ့်အစ်မယောကျ်ားအိပ်ရာပေါ်တော့တတ်နိုင်သား"

မင်းထေရန်ရဲ့တည်တင်းနေတဲ့ မျက်နှာမှာ ပိုလို့တောင် အရုပ်ဆိုးသွားရသည်

သူ သူ့လက်မောင်းအကျီစအား ခေါင်းငုံ့ကာ တွဲထားတဲ့ သေးကွေးတဲ့မိန်းမငယ်လေးကို ကြည့်လိုက်သည်

အရင်လို မျက်နှာမမြင်ရအောင် ဖုံးအုပ်ထားတဲ့ မျက်နှာလေးက ယခုသပ်တင်ထားတဲ့ ဆံပင်တွေကြောင့် ရှင်းလင်းနုနယ်နေသည်

နှုတ်ခမ်းဖူးလေးများက စိုအိနေကာ တုန်ရင်နေလေသည်

'သူမလည်း ဒီစကားတွေကြားမှာပေါ့'

သူမဲ့ပြုံးပြုံးလိုက်သည်
သူ့လက်မောင်းကိုထိအောင်ဖက်မထားဘဲ အကျီစများသာဆွဲထားတာကိုပင် သူ့မှာရွံရှာမုန်းတီးနေရသည်

'တိမ်စိုင်ငယ် ချစ်စဖွယ်မျက်နှာလေးရှိပေမဲ့ ဆံပင်ရှည်များနဲ့ ဖုံးအုပ်ထားပီး အမြဲရှက်သလိုကြောက်သလိုဖြစ်နေတဲ့ စကားထစ်အမလေးကို ညီမလေးသဖွယ်သူသဘောထားခဲ့သည်

သူမအမေဟာ မယားငယ်လို့ကြားပေမဲ့ သူမဟာ မတူညီလို့ထင်မှတ်ခဲ့သည်

သို့သော် သွေးဟာ လိမ်မရပါ မယားငယ်သမီးဟာ မယားငယ်သွေးကို ပါတာဖြစ်သည်

မီးတွင်းထဲဆုံးတဲ့ ကိုယ့်အစ်မရဲ့ယောကျ်ားဖြစ်တဲ့ သူ့အား လက်ထပ်ခဲ့ပီး ယခု သူရဲ့မွေးကင်းစသမီးငယ်လေးမှာ နှစ်ဖက်မိဘတွေရဲ့ ဖိအားပေးမှုကြောင့် မိထွေးရလေတော့မည်

I married my sister's husband 💚(complete)Where stories live. Discover now