I married my sister's husband 💚 Part 14

17.7K 668 105
                                    

I married my sister's husband 💚part14

အတ္တ ကားပျက်နေတာကြောင့် ကားအားထားကာ ခပ်လှမ်းလှမ်းက mini marketရှေ့ထိုင်ကာ ဖုန်းဆက်နေမိသည်

ထိုစဉ် private uniformနက်ပြာလေးအားဝတ်ဆင်ထားသော ကလေးမလေးက ဆံပင်လေးနှစ်ဖက်ခွစည်းထားတဲ့ ဆံနွယ်လေးများ တရမ်းရမ်းနဲ့ ဆိုင်ရှေ့ကိုရောက်လာသည်
အနီးနားက ကျောင်းမှဖြစ်လောက်မည်

ထို့နောက် ရေခဲမုန့်များထည့်ထားတဲ့ freezerအားဖွင့်ကာ ယူလေသည်

သို့သော် ခြေထောက်ကလေးများက တိုနေကာ မမှီမကမ်းဖစ်လိုက် ပြန်နှိုက်လိုက်နဲ့ဖြစ်နေတာကြောင့် အတ္တရီချင်လာသည်

"အေးအေး နောက် ၅မိနစ် အတွင်းလာခဲ့နော်"
သူ ဖုန်းချပီး ထိုကလေးမလေးဆီသွားလိုက်ကာ ရေခဲချောင်းတစ်ခုကိုနှိုက်ကာ ပေးလိုက်သည်

ရတုလေးက သူမအားပေးလာတဲ့ ရေခဲချောင်းအား ခေါင်းခါကာ မယူပါ

"ဘာလို့လည်း"
အတ္တ သိချင်စွာမေးလိုက်သည်

"သမီးက မြေပဲနဲ့မတည့်ဘူး ဦးဦး"

ထိုအခါမှ သူယူထားသော ရေခဲမုန့်ကမြေပဲများပါနေသည်

"ဟားဟား တိုက်ဆိုင်လိုက်တာ ဦးလည်း မြေပဲနဲ့မတည့်ဘူး"

ထို့နောက် သူမြေပဲမပါတဲ့ ရေခဲချောင်းအားနှိုက်ယူပေးကာ ပိုက်ဆံရောရှင်းပေးလိုက်သည်

သို့သော် ကလေးမလေးမှာ သူ့အားပိုက်ဆံထိုးလာပေးသည်

"ဒယ်ဒီက ပြောတယ် ဘယ်အရာမှ အလကားမယူရဘူးတဲ့လေ အဲ့တာကြောင့် သမီး ရေခဲချောင်းဖိုး ဦးဦးရှင်းပေးစရာမလိုဘူး"

အတ္တမှာ စကားတတ်လှတဲ့ ကလေးမလေးအားကြည့်ကာ တစ်စုံတစ်ယောက်ကို သတိရမိသွားသည်

ခဏပါဘဲ သူ ကလေးမလေးအားကြည့်ကာ
"အဲ့တာဆို ဒီလိုလုပ်လေ ဒီပိုက်ဆံကိုဦးမယူတော့ဘူး သမီးက သမီးနာမည်ပြောပြပေါ့ ဘယ်လိုလဲ"

သူ့စကားမှာ ကလေးမလေးက ခေါင်းလေးစောင်းကာ စဉ်းစားလေသည်

ပီးမှ သဘောတူသွားဟန်နဲ့ခေါင်းငြိမ့်ပြသည်

"ကဲပြော သမီးနာမည် ဘယ်လိုခေါ်လဲ"

"လွန်းရတု ပါရှင့်"

I married my sister's husband 💚(complete)Where stories live. Discover now