I married my sister's husband 💚Part 28

18.6K 851 146
                                    

I married my sister's husband 💚 Part 28

တိမ်စိုင် သူမခေါင်းများ မူးဝေစွာ နိုးလာရသည်

'သူမအိမ်ပြန်ရောက်နေပီဘဲ'

ထထိုင်လိုက်တော့ အောင့်နေတဲ့ ဗိုက်ကြောင့် အုပ်ကိုင်လိုက်မိသည်

"နိုးလာပီလား"

အကိုရှိနေတာဘဲ......အကိုက ပြတင်းပေါက်အား မျက်နှာချင်းဆိုင်ကာ ရပ်နေသည်

တိမ်စိုင် အကိုနဲ့အတူနေရင်း သတိလစ်သွားရတာကြောင့် ရှက်ရွံ့နေမိသည်

"မင်းမှာ ကိုယ်ဝန်ရှိနေတယ် တိမ်စိုင်ငယ်"

တိမ်စိုင် ကိုယ်ဝန်ဆိုသော စကားလုံးကြောင့်မျက်လုံးလေးများ ပြူးသွားရပီး သူမဗိုက်ချပ်ချပ်လေးအား ငုံ့ကြည့်မိတော့သည်

'သူမမှာ ရင်သွေးလေးရှိနေတာလား'

မင်းထေရန် လှည့်ကြည့်လိုက်တော့ သူမဗိုက်သူမ အုပ်ကိုင်ကာ ပြုံးနေတဲ့ငယ်လေးကြောင့် စိတ်နှလုံးသားထဲနာကျင်သွားရသည်

"ဘယ်သူနဲ့ရတာလဲ"

တိမ်စိုင် လေသံတွေစိမ်းနေပါတဲ့ အကို့အား အခုမှသတိထားမိသွားရသည်

ဘယ်သူနဲ့ရတာလဲတဲ့လား.....?

တိမ်စိုင် အသက်ရှူရပ်သွားတော့မလို ခံစားသွားရသည်

'အကိုက မမှတ်မိခဲ့ဘူးလား'

"ပြောစမ်း တိမ်စိုင်ငယ်"

အကိုက အော်ဟစ်လာကာ သူမ လက်မောင်းများအား တင်းကျပ်စွာဆုပ်ကိုင်လာတာကြောင့် နာကျင်သွားရသည်

"မ.....မဟုတ်......အ...အ.."

ဘာလို့စကားသံတွေမထွက်တော့တာလဲ......
သူမ ရှင်းပြဖို့လိုနေသည် ဘာလို့ ခုချိန်မှာစကားသံတွေမထွက်တော့တာလဲ

"လင်းရောင်နီဆိုတဲ့အကောင်နဲ့မလား"

အကိုက သူမအား ဆောင့်လွှတ်လိုက်တာကြောင့် သူမကိုယ်လေး ယိုင်သွားရပီး မူးဝေသွားရသည်

"အ.....အ...."
မဟုတ်ဘူးလို့ ပြောနေခဲ့တာပါ......သို့ပေမဲ့ ချွေးအေးများထွက်ပီး စိတ်လှုပ်ရှားကြောင့်ကြကာ အအ စကားတွေသာထွက်လာတော့သည်

I married my sister's husband 💚(complete)Wo Geschichten leben. Entdecke jetzt