I married my sister's husband💚 Part5

18.2K 699 49
                                    

I married my sister's n husband 💚Part5

"မာမီရေ မာမီ မာမီ...."
အသံလေးက တစာစာအော်ကာ အိမ်ထဲသို့ဝင်လာတဲ့၆နှစ်အရွယ်ကလေးမလေးရှိလေသည်

လွန်းရတုလေးမှာ ယခုဆို ၆နှစ်အရွယ်ပင်ရှိနေလေပီ

တိမ်စိုင်လည်း သူမရေးဆွဲလက်စ စာရွက်တချို့ကို စာအုပ်အောက်သို့ တိုးထဲ့လိုက်ပီး ကလေးမလေးအားပွေ့ဖက်ကြိုဆိုလိုက်သည်

"မာမီ ဒီမယ်ကြည့် ရတု အမှတ်ပြည့်ရလာပြန်ပီ"

တိမ်စိုင်ဝမ်းသာ အားရဖြစ်သွားပီး ရတုခေါင်းလေးကို ဖွပေးလိုက်သည်

"တော်တယ် လို့ပြော"

ရတုစကားကြောင့် သူမမှာရပ်တန့်သွားရသည်

ရတု အမြဲစကားမပြောဘဲ ဒယ်ဒီရှေ့ဆို စာဘဲရေးပြတတ်တဲ့ မာမီအား အားမရလှပါ
ထို့အပြင် သူမသူငယ်ချင်းတွေရဲ့ မိဘတွေလိုလည်း တူတူမအိပ်ပါ

အေးတိအေးစက်နဲ့ ဒယ်ဒီကလည်း မာမီကို ရှိတယ်လို့ကို ထင်ရဲ့လားပင်မသိပါ
သူမပိုင်ဆိုင်တဲ့ မိသားစုလေးမှာ နွေးထွေးမှုမရှိလို့ထင်ရသည်
ထို့ကြောင့် ဒီမိသားစုလေးနွေးထွေးလာဖို့ သူမတာဝန်ပင်ဖြစ်သည်

"တော်......တယ်..."
သူမနားထဲ ထစ်အနေပေမဲ့ ချိုသာတဲ့ မာမီရဲ့စကားလေးမှာ သူမပျော်ရွှင်သွားရသည်

မာမီက ဘာလို့ စကားထစ်နေတာလဲလို့ ဒယ်ဒီကိုမေးကြည့်သော် ကြောင်အသွားတဲ့ ဒယ်ဒီမျက်နှာအရ ဒယ်ဒီဟာ မာမီ အကြောင်းမသိဟုသာထင်သည်

တကယ်ကို မာမီကို ဂရုမစိုက်တာသေချာနေလေသည်

"ဒါဆို မာမီ ရတုကို ကတိပေးထားတဲ့အတိုင်း လိုချင်တာ လုပ်ပေးရတော့မှာနော်"

"ဘာ......ဘာလုပ်.....ပေးရ.....ရမလဲ"

ရတု မာမီမျက်ဝန်းများထဲကိုကြည့်တော့ သူမအပေါ်ထားရှိတဲ့အကြင်နာမေတ္တာများ ဖြည့်ဆည်းပေးချင်စိတ်များအားတွေ့ရသည်မို့ ပျော်သွားရသည်

"ဟီးဟီး....ထမင်းစားချိန်မှပြောပြမယ် မာမီက ရတုလိုချင်တာလုပ်ပေးတော့မှာတဲ့ ဟီးဟီး"

"မာမီ ကို အရမ်းချစ်တယ် မာမီ မာမီ....."

ရတုလေးက အပျော်လွန်နေပီး မာမီလို့ခေါ်နေတာကြောင့် သူမမှာ ကြည်နူးနေရသည်

I married my sister's husband 💚(complete)Where stories live. Discover now