I married my sister's husband 💚Part 31

17.3K 809 70
                                    

I married my sister's husband 💚Part 31

တိမ်စိုင် သားအားချီကာ နက်ဖြန် သင်တန်းဖွင့်ပွဲအတွက် ပြင်ဆင်ရန်ထွက်ခဲ့လိုက်သည်

ဒေစီဖြူတွေပါဘဲ....သူမအားမနက်တိုင်းကြိုဆိုနေတာ post cardတွေကို သူမဖတ်မကြည့်တော့ပါ

လစ်လျူရှုပီးသာ ထွက်ခဲ့လိုက်သည်

"အဲ့တာဆို နက်ဖန်မနက် ၇ခွဲလောက်ကို အရောက်လာခဲ့ကြနော်"

သူမ အရာအားလုံး ပြင်ဆင်ပီး နက်ဖန်သူမရဲ့သင်တန်းအား လာမဲ့သူများစာရင်းကိုပြန်စစ်နေလိုက်သည်

"မေ....မေ..."
သူမသားအား ချီလိုက်တော့ သားက သူမအကျီအား လှန်နေသည်

တိမ်စိုင်မှာ နို့ဖြတ်ထားပါသော်လည်း နို့မပြတ်ချင်သေးတဲ့ သားကြောင့် စိတ်ညစ်ရပြန်သည်

ဒီလိုသာဆို သွားပိုးစားကုန်တော့မှာဘဲ သူမ အသင့်ဖျော်ထားတဲ့ နို့ဘူးကိုဘဲ တိုက်လိုက်သည်

ဒီနေ့ အကိုတို့ အိမ်ကို သားကို မပို့ခဲ့တာပါလေ ခနဘဲဆိုတော့ သားက အဆင်ပြေပါသည်

ရတု ထိုင်ခုံတန်းမှာ ထိုင်ကာ ကလေးလေးအား နို့ဘူးတိုက်နေတဲ့ သူမမာမီကို ခိုးကြည့်နေမိသည်

'မာမီက ပိုလှလာပီး မောင်လေးကိုတောင်မွေးထားတာဘဲ'

ရတု သူမမာမီရဲ့ အနွေးဓာတ်တွေအား လွန်စွာလွမ်းဆွတ်နေခဲ့ပါသည်

တိမ်စိုင် တစ်စုံတစ်ယောက်ကြည့်နေသလို ခံစားမိတာကြောင့် ကြည့်လိုက်ရာ ဦးထုပ်ပန်းရောင်လေးနဲ့ ကလေးမလေးတစ်ယောက်ထွက်သွားတာကြောင့် ထရပ်လိုက်မိသည်

"ရတုလေး...."

ဘယ်လောက်ဘဲထွားလာပါစေ သူမလက်နဲ့ ပျိုးထောင်ပေးခဲ့တဲ့ သမီးငယ်လေးအား မှတ်မိစွာ သားကိုချီရင်းနဲ့ပင် ပြေးလိုက်မိပါတော့သည်

"ရတုလေး သမီး သမီးနေပါဦး"

ရတု သူမ မာမီရဲ့ မထစ်အတော့ဘဲ နူးညံ့ချိုသာတဲ့ခေါ်သံကြောင့် အံ့ဩသွားကာ ရပ်တန့်လိုက်မိသည်

"သမီးငယ်..."

တိမ်စိုင် သမီးအားလှမ်းဆွဲကာ သူမဘက်ကိုလှည့်လိုက်သည်

I married my sister's husband 💚(complete)Where stories live. Discover now