I married my sister's husband 💚 Part 21

18.3K 787 88
                                    

I married my sister's husband 💚Part 21

အတ္တ သူ့ရဲ့ လက်ထဲမှ စာရွက်အား ထိုင်ကြည့်နေမိသည်

တစ်နာရီ ကြာသည်တိုင်အောင် သူ့ရဲ့ နှလုံးခုန်သံတွေဟာ မရပ်နားသေးဘဲ စိတ်လှုပ်ရှားမှုတွေ အသစ်သစ်တိုးစွာဖြစ်ပေါ်နေခဲ့သည်

ရတုလေးဟာ သူ့သမီးတဲ့လား.......
သူ သူ့လက်ထဲကစစ်ဆေးချက်အား စားပွဲပေါ် ချလိုက်သည်

သစ္စာဟာ သူ့ကလေးကို မွေးပေးခဲ့တာဘဲ......
သို့သော် သူ့မျက်ဝန်းတွေဟာ မှိုင်းညို့သွားရသည်
သူမက သူ့ကလေးမှန်းသိရင် မွေးလောက်မှာမဟုတ်ပါ

"သစ္စာ.....သစ္စာ...."

သူ့လက်ချောင်းတွေနဲ့ ထိုင်ခုံလက်ကိုင်အား တဒေါက်ဒေါက်ခေါက်နေမိသည်

"ထေရန် သစ္စာကို မင်းရခဲ့ပေမဲ့ ရတုလေးကိုတော့ ငါရအောင်ပြန်ယူမယ်......"

အတ္တဟာ ဆုံးဖြတ်ချက်ပြတ်သားနေတဲ့ မျက်ဝန်းတွေနဲ့ စစ်ဆေးချက်ကိုက်ညီကြောင်းစာရွက်အား စူးရဲစွာကြည့်နေတော့သည်

..........................................................................
မင်းထေရန် အပြင်မှပြန်လာပီး ရုံးခန်းထဲသို့ဝင်လာလိုက်သည်

သူအေးအေးလူလူနဲ့ coatအားချွတ်ကာ ဆုံလည်ကုလားထိုင်ပေါ်ထိုင်ပီးနောက် လန့်ကာ နောက်ပြန်လဲမလိုဖြစ်သွားရသည်

"အမေ company လာတာ ဒီလောက်လန့်ရလား"

မိခင်ဖြစ်သူမှာ ဆိုဖာတွင်ခြေချိတ်ထိုင်၍ ကော်ဖီသောက်နေသည်လေ

"မဟုတ်ပါဘူး အမေမှ company မလာတာကြာပီဘဲ သားအံ့ဩသွားတာပေါ့ အမေဘဲcompanyကိစ္စတွေစိတ်ရှုပ်ပါတယ်ဆို"

"ဟုတ်တယ် စိတ်ရှုပ်တယ် အဲ့တာကြောင့် လာကိုမလာချင်တာ"

"ဒါဆို အမေ့ကို ဘာကလာစေတာတုန်း"

ဒေါ်စိန်ကြွယ်မှာ သူမလက်ကိုင်အိတ်ထဲက တစ်စုံတစ်ခုအား ထုတ်ပေးလာသည်

"ရော့ နက်ဖန်ည မန္တလေးက မင်္ဂလာပွဲကို သွားရမယ်"

သူဖိတ်စာအားဖတ်ကြည့်တော့ ဆွေမျိုးနီးစပ်ရဲ့ မင်္ဂလာဆောင်ပင်

"ဒါက အမေတို့ဘဲ သွားလိုက်တော့လေ"

"ဟော ငါ့သားတော့ခက်ပီ ငါတို့လို အဖိုးကြီးအဖွားကြီးတွေက ခရီးဝေးသွားချင်တော့တာမဟုတ်ဘူး နီးနီးနားနားဘဲ သွားနိုင်တော့တယ်"

I married my sister's husband 💚(complete)Where stories live. Discover now