I married my sister's husband 💚Part 16

18K 681 51
                                    

I married my sister's husband 💚Part16

လင်းရောင်နီ သူ့အခန်းရဲ့ထောင့်ကာ အဝတ်ဖြူအုပ်ထားတဲ့ canvas ကြီးကိုငေးကြည့်လိုက်သည်

ချစ်ခြင်းမေတ္တာဟာ မစခင်မှာဘဲ ကုန်ဆုံးသွားရသလား.........

သူအိမ်မက်ယောင်သူလို နှလုံးသားဗလာနဲ့ ထို canvasကြီးနားကို သွားလိုက်သည်

သူ့ရဲ့လက်များဟာ အဖြူရောင်ပိတ်စကို ကိုင်ကာဆွဲလိုက်သည်

လွှားခနဲဖြစ်သွားတဲ့ ပိတ်စရဲ့အောက်တွင်တော့ သူ့ရဲ့အချစ်သစ်ပင်လေး......

ဆက်လက်ရှင်သန်ခွင့်မရှိတော့တဲ့ သူ့ရဲ့ အချစ်သစ်ပင်လေးရှိနေသည်

Canvas ပေါ်မှာတော့ အဆုံးမသတ်ရသေးတဲ့ မိန်းမငယ်လေးရဲ့ ပုံဟာ ရေးခြစ်ဆဲ...........

ဖြူစင်စွာ မဟတဟလေးပြုံးနေတဲ့ မျက်နှာလေးဟာ အပီးမသတ်ရသေးပေမဲ့ ချစ်ခြင်းအငွေ့အသက်တွေနဲ့ဖန်တီးထားလို့ အသက်ဝင်ကာနေသည်

လင်းရောင်နီ ထိုမိန်းကလေးရဲ့ပါးပြင်ကို လက်ချောင်းအနောက်ဘက်များနဲ့ပွတ်သပ်လိုက်သည်

"ဒီပန်းချီကို အဆုံးမသတ်တော့ဘူး တိမ်စိုင်......အခန်းထောင့်ရဲ့ တစ်နေရာမှာဘဲ သိမ်းထားတော့မယ်.....သိမ်းထားခွင့်တော့ပြုမယ်မလား....."

လင်းရောင်နီ လက်ရာမြောက်လှတဲ့ ပန်းချီကားအား အဖြူရောင်ပိတ်စနဲ့ အုပ်ကာ ကျောခိုင်းလှည့်ထွက်သွားတော့သည်

............................................................

မင်းထေရန်ဟာ privateကျောင်းကို တက်ရတာကြောင့် သူ့အချိန်စာရင်းများဟာ တစ်ပတ်မှ တစ်ရက်သာလွတ်လေ့ရှိသည်

သစ္စာကတော့ သူနဲ့ ကျောင်းမတူသေးပါ သူမ နောက်နှစ်တော့ ပြောင်းလာမည်လို့ပြောသည်

သူဒူးလောက်ရှိတဲ့ဂျင်းဘောင်းဘီအနက်အားဝတ်လိုက်ပီး အဖြူရောင်နဲ့အနက်စင်းpolo shirtကိုဝတ်ကာ သူ့ရဲ့ရေစိုနေတဲ့ဆံပင်တွေကို dryerမှုတ်လိုက်သည်

ထို့နောက် စားပွဲပေါ်မှ ပန်းရောင်noteစာအုပ်လေးတွေကိုယူကြည့်ကာ ပြုံးသွားပီး သစ္စာတို့အိမ်ဘက်ထွက်ခဲ့လိုက်သည်

I married my sister's husband 💚(complete)Where stories live. Discover now