I married my sister's husband 💚 Part 29

18K 901 155
                                    

I married my sister's husband 💚Part 29

၃နှစ်ကျော်ကြာသောအခါ........

"ဖခင်အရင်းဖြစ်သူဟု လျှောက်လဲထားတဲ့ မောင်အတ္တမင်းမော်သည် သမီးဖြစ်သူလွန်းရတုလေးအားအုပ်ထိန်းခွင့်မရရှိနိုင်ပါ"

အတ္တ တရားသူကြီးရဲ့ စီရင်ချက်အပီးတွင် ထိုင်ခုံပေါ် ထိုင်ရက်ကျသွားသည်

'ဘာလို့လဲ ဘာလို့များလဲ ခက်ခဲလွန်းတဲ့တိုက်ပွဲကို သူ့ဘက်က အကြိမ်ကြိမ်အခါခါ သုံးနှစ်ကျော်ကြာအောင်တိုက်ယူခဲ့ပေမဲ့ ဘာလို့ ရှုံးသွားရတာလဲ'

ဦးထေအောင်က လွန်းရတုလေးအား လက်ဆွဲကာ ပြန်တော့မည်ပြုနေတာကြောင့် သူထရပ်လိုက်သည်

"ဦးထေအောင် ခဗျား ဒီလိုလုပ်လို့မရဘူး သမီးကို ကျုပ်ကိုပေး"

ထဆွဲတော့မလိုဖြစ်နေတဲ့ အတ္တကြောင့် လုံခြုံရေးများက ဆွဲထားရသည်

အတ္တက ဒီနှစ်တွေအတွင်း မောပန်းနေခဲ့ပုံရသည်
မျက်တွင်းများချိုင့်နေပီး ဝတ်စားပုံဟာ ဖရိုဖရဲ

"ကျုပ်က အဖေပါ သမီးကို ကျုပ်ကိုပေးကြပါ"

၁၀နှစ်အရွယ်လွန်းရတုလေးက သူမရဲ့ ဖခင်ဖြစ်သူအတ္တအား အဘိုးရဲ့ ဘောင်းဘီစအား ဆုပ်ကိုင်ရင်း ကြည့်နေရှာသည်

ဒေါ် သစ္စာချိုတို့ကလည်း မဲ့ရွဲ့နေလေသည်
'သူတို့မှာ အုပ်ထိန်းမှု လက်မလွှတ်ချင်လို့ တိမ်စိုင်ငယ်နဲ့ပေးစားခဲ့မိတာ ခုတော့ မြေးက သူတို့နဲ့သာသက်ဆိုင်နေသည်တဲ့လေ.....တိမ်စိုင်ငယ်မကလည်း ကွာရှင်းပေးပီး ပျောက်သွားလိုက်တာ သူတို့ဆီလည်း ပြန်မလာပါ'

'ပြန်မလာတော့လည်း ကောင်းတာပါဘဲ ထေရန်ကတော့ သနားစရာကောင်းပါတယ် သူ့မှာ သူတို့သမီးရဲ့ သစ္စာဖောက်တာ ခံခဲ့ရပီး ရိုးအအတိမ်စိုင်ငယ်ကလည်း အလှတွေပြင်ပီး ဘယ်သူ့ဗိုက်လွယ်လာလည်း မသိပါ'

'ဘာဘဲဖြစ်ဖြစ်ပါလေ မြေးကအရင်လို သူတို့ဆီလာနေသ၍ အဆင်ပြေသည် ကျန်တာဘာဖြစ်ဖြစ် သူတို့ဂရုမစိုက်'

လုံခြုံရေးများက အတ္တရဲ့ မူမမှန်တဲ့ စိတ်အခြေအနေကြောင့် ရတုလေးနား မကပ်ရ အမိန့်ပါ ထပ်ချလိုက်လေသည်

I married my sister's husband 💚(complete)Where stories live. Discover now