I married my sister's husband 💚part 42

15.1K 678 44
                                    

I married my sister's husband 💚Part 42

ပိုမို လိမ္မော်ဖျော်ရည်သောက်ရင်း ဘေးနားမှ မြင်နေရတဲ့ ကန်ရေပြင်ကြီးရဲ့အလှကို ခံစားနေမိသည်

"ပိုမို..."

ထိုစဉ်တိမ်စိုင် အသံကြားရတာကြောင့် သူမနှုတ်ခမ်းလေးများ ပြုံးသွားရပီး ကြိုမှာထားတဲ့ ဖျော်ရည်ခွက်အား တိုးပေးလိုက်သည်

"ကောင်းလိုက်တာ"
တိမ်စိုင် ခပ်အေးအေးဖျော်ရည်အား သောက်လိုက်ရ၍ စိတ်ကျေနပ်သွားသည်

"နင်လည်းတွေ့ကို မတွေ့ရဘူးနော်"

တိမ်စိုင် ပိုမိုစကားမှာ ပြုံးသွားရသည်

"ဟုတ်ပါ့ မအားလို့လေ နင်လည်းဘာထူးလည်း ငါတွေ့ရအောင်လို့ ချိန်းမှဘဲ လာတော့တယ်"

ပိုမို တိမ်စိုင် စကားအား ပြုံးဘဲ ပြုံးနေမိပါသည်

"အဆင်ပြေနေပီဆို"

"ဟမ်"

"ကိုမင်းထေရန်နဲ့...."

တိမ်စိုင် ဆံပင်ကို သပ်နေတဲ့ လက်များ ရပ်တန့်သွားရသည်

"နင်ဘယ်လိုသိတာလဲ"

"တကူးတက သိစရာမလိုပါဘူး တိမ်လေးရယ် နင့်မျက်နှာမှာ အကုန်ရေးထားတယ်"

တိမ်စိုင် ပိုမိုစကားကြောင့် သူမ အရမ်းသိသာနေလား တွေးမိသွားသည်

"ငါ့ကို အပြစ်တင်လားဟင်"

ပိုမို မျက်နှာလေးငယ်သွားတဲ့ သူမသူငယ်ချင်းလေးအားခေါင်းရမ်းပြလိုက်ပါသည်

"မဟုတ်ပါဘူး ဒါနင့်ဘဝနင့်ရွေးချယ်မှုပါဘဲ ငါ့အနေနဲ့ နင့်ဘက်က ဒေါသထွက်ပေးဖို့ဘဲ တတ်နိုင်တာ ကျန်တာ နင့်ဆုံးဖြတ်ချက်ဘဲ"

ထိုအခါမှ တိမ်စိုင် မျက်နှာလေးပြန်ပြုံးသွားရပီး ပိုမိုဘေးကို လာထိုင်လိုက်ကာ လက်မောင်းကိုဖက်ပီး ပုခုံးကိုမှီလိုက်သည်

"ပိုမို နင်က ငါ့အတွက် အကောင်းဆုံး သူငယ်ချင်းပါဘဲ ငါ့ဘဝလမ်းပျောက်နေတုန်းကလည်း နင်အမြဲရှိနေတာ"

ပိုမို တိမ်စိုင်အား ခေါင်းလေးပြန်မှီလိုက်ပါသည်
တိမ်လေးဟာ သူမအတွက် ညီအစ်မအရင်းလို ချစ်ရတဲ့သူ

I married my sister's husband 💚(complete)Tempat cerita menjadi hidup. Temukan sekarang