I married my sister's husband 💚Part 51

14.9K 634 56
                                    

I married my sister's husband 💚Part 51

လင်းရောင်နီ မျက်လုံးများစူးလာ၍ ဖွင့်လိုက်ရာ သူဟာ သစ်ပင်တစ်ပင်အောက်တွင် အိပ်နေခဲ့သည်

သူ ထထိုင်လိုက်ပါတော့ အဆုံးမရှိတဲ့ လယ်ကွင်းပြင်ကြီးက ဆီးကြိုလို့နေသည်

လေပြေအဝှေ့မှာ သူမတ်တပ်ရပ်လိုက်ကာ သူရှိနေရာ ကုန်းမြင့်ပေါ်မှ ခပ်ဖြေးဖြေးဆင်းလိုက်သည်

တိမ်တွေဟာလည်းရွေ့နေသည်
နေရောင်ခြည်နုနုဟာလည်း စိုက်ပျိုးပင်များပေါ် ဖြန့်ကျက်ကာ သာယာလွန်းလှသည်

သူ အံ့ဩစွာ သဘာဝအလှအားခံစားရင်း လျှောက်လာမိသည်

ထိုစဉ် လေပြင်းတစ်ချက်ဟာ သူ့အား ဖြတ်တိုက်သွား၍ ရှပ်အဖြူဟာ ကိုယ်နဲ့ကပ်သွားပီး နောက်ကို လှည့်လိုက်သည်

ပန်းသီးပင်တွေပါဘဲ များပြားတဲ့ပန်းသီးပင်တွေဟာ မြင်ကွင်းတဆုံးရှိသည်

ပန်းသီးတွေရဲ့ နီရဲရင့်မှည့်နေပုံဟာ ရေမဆေးဘဲနဲ့ပင် ကိုက်စားချင်လေသည်

သူရောက်လာကတည်းက လူတစ်ယောက်မှ မတွေ့ခဲ့တာပါ သို့သော် ယခုတော့ သူ့ရှေ့တွင် မိန်းမပျိုလေး တစ်ဦးက ကျောပေးကာ ရပ်လို့နေသည်

သူ သူမအား လှမ်းခေါ်သော်လည်း သူ့အသံဟာ ထွက်မလာခဲ့ပါ

သူ သူမရဲ့ ကျောပြင်အား ရင်းနှီးစွာ ဆက်ကြည့်နေတုန်းမှာဘဲ သူမဟာ သူမရဲ့ ဆံပင်ရှည်လေးများကို နားနောက်ညှပ်ရင်း သူ့ဘက်လှည့်လာသည်

"ပို ပိုမို...."

ထိုအခါမှ သူစကားပြောလို့ရသွားသည်

ပိုမိုက သူမအား မျက်လုံးဝိုင်းလေးတွေနဲ့ကြည့်နေပြီးမှ ပြုံးပြလာလေသည်

နောက်ပြီး သူမလက်ထဲကခြင်းထဲမှာ နီရဲလှပနေတဲ့ ပန်းသီးတွေဟာ အပြည့်........

လင်းရောင်နီ သူ့မျက်လုံးများ ပွင့်လာပြီး ထထိုင်လိုက်သည်

"အာ အိမ်မက်ဘဲ....."

သူ သူ့ဘေးက ရေကိုယူကာ မော့သောက်လိုက်သည်

'ဒါနဲ့ဆို ဒီ အိမ်မက်မက်တာ လပိုင်းလောက်ရှိတော့မလားဘဲ.....'

ဒေါ်ယဉ်မိုးအေးကတော့ မနက်စာခူးပေးထားတာကို တို့ခနဲဆိတ်ခနဲ့ လုပ်နေတဲ့ သူမသားကြောင့် သက်ပြင်းချလိုက်သည်

I married my sister's husband 💚(complete)Where stories live. Discover now