I married my sister's husband 💚Part 57(end)

16.5K 644 44
                                    

I married my sister's husband 💚Part 57(end)

7နှစ်ခန့်ကြာသောအခါ............

၁၀နှစ်အရွယ်ကလေးငယ်လေးရဲ့ ခြေလှမ်းသံလေးတွေကြောင့် ရတု ကျက်နေတဲ့စာအုပ်ကို ပိတ်ကာ အခန်းတံခါးကို အမြန်ပြေးပိတ်သည်

သို့သော် ထိုကလေးငယ်က သူမအား တံခါးပိတ်ခွင့်မပေးပါ ဇွတ်တွန်းဝင်လေသည်

"ဟားးးး မမကလည်း တံခါးပိတ်ပြန်ပြီ သားဆွဲထားတဲ့ ပုံတွေကြည့်ပေးပါဦးဆို...."

ရတုလည်း ကလေးလက်ညှပ်သွားမှာစိုး၍ အလျော့ပေးလိုက်ရာ မင်းတိမ်ယံလေးက သွားများ ဖြဲကာ ရယ်မောပြီး သူ့အစ်မ ကုတင်ပေါ်တက်လေသည်

"မမလာ ဒီမှာထိုင်..."

မင်းတိမ်ယံ သူ့အစ်မလက်အား ဆွဲကာ သူဆွဲထားတဲ့ အိမ်ပုံတွေကို ပြလေသည်

မာမီနဲ့ မတူစွာ မင်းတိမ်ယံလေးက အိမ်ဒီဇိုင်းတွေဆွဲရတာကို ဝါသနာပါသည်

အင်ဂျင်နီယာပေါက်စလေးပေါ့........

မင်းတိမ်ယံကတော့ စကားမပြောပေမဲ့ သူဆွဲထားတဲ့ ပုံတွေကိုကြည့်ပေးနေတဲ့ သူ့အစ်မအား ကြည့်လိုက်မိသည်

၁၈နှစ်အရွယ်တောင် ရောက်လာပြီဖြစ်တဲ့ သူ့မမဟာ တစ်နေ့တစ်ခြားပိုလှလာ၍ အိမ်လာလည်ရင်း သူ့အစ်မကိုတွေ့တဲ့ သူ့သူငယ်ချင်းတွေက ယောက်ဖလို့ခေါ်လျှင်မကြိုက်ပါ

သူက မကြိုက်ရုံသာ တော်သေးသည်
သူ့ညီ အမွှာနှစ်ကောင်ထဲက အကြီးကောင်ကတော့ ကလေးတန်မဲ့ ဝင်ထိုးနေလို့ သူ့မှာ ထိန်းရသေးသည်

သူ့အမွှာညီထဲက အကြီးကောင်က သူတို့ထက် မမရတုကို ထိရင် လုံးဝမခံပါ အသက်က 6နှစ်သာရှိသေး၍ တော်သေးသည်

ထိုစဉ် သူ့အစ်မက ပုံရဲ့ တစ်နေရာကို လက်ညိုးထိုးပြ၍ ကြည့်လိုက်ရာ အယူအဆမှားနေသည်ဘဲ....

သူအမြန်ခဲဖျတ်နဲ့ ပြင်လိုက်ပြီး အမှားစစ်ခိုင်းလိုက်သည်

"မမက အရမ်းတော်တာဘဲ အဲ့တာကြောင့် သားက အားကိုးနေရတာ...."

ရတု သူမအား မြှောက်ပင့်နေတဲ့ ကောင်စုတ်လေးအား မျက်စောင်းထိုးလိုက်သည်

I married my sister's husband 💚(complete)Where stories live. Discover now