I married my sister's husband 💚Part9

17.1K 686 3
                                    

I married my sister's husband 💚 Part9

"သောက်ရေးမပါတာတွေ"

"ခွမ်းးးး"

အတ္တတစ်ယောက် ဒေါသတကြီးနဲ့ အရက်ခွက်အား ကြမ်းပြင်ပေါ်ပေါက်ခွဲပစ်လိုက်ခြင်းဖြစ်သည်

မှန်သားအပြည့်တပ်ဆင်ထားတဲ့အခန်းကနေမြင်နေရတဲ့ ညမြင်ကွင်းဟာ သူ့စိတ်များကို အေးချမ်းအောင် မစွမ်းသာပါ

'အမြဲလိုလို သူ့အဖေဟာ မင်းထေရန်နဲ့ ယှဉ်ကာ သူ့အားအမြဲနှိမ့်ချပြောဆိုခဲ့သည်'

အခုဆိုလျှင်လည်း ပြောသွားတဲ့စကားတွေထဲမှာ မင်းထေရန်နဲ့ လွတ်တာကိုမပါခဲ့ပါ

"စိတ်လျော့ပါ ကိုကို"

ဒါလီယာဟာ အတ္တရဲ့ အဝတ်မပါတဲ့ကျောပြင်အား ပွတ်သပ်လိုက်ကာ အနောက်မှ ပွေ့ဖက်လာသည်

ရေမွှေးနံ့ဟာ သင်းခနဲ့ အတ္တနှာဖျားထဲ တိုးဝင်လာသည်

"မြို့သစ် စီမံကိန်းလေ......ထေထက် တစ်လှမ်းကြိုယူထားလို့ရတယ်"

ဒါလီယာစကားမှာ အတ္တနှုတ်ခမ်းတွေပြုံးသွားရသည်
သူ ဒါလီယာရဲ့ နီညိုရောင်နှုတ်ခမ်းတွေကို စွဲမက်စွာနမ်းရှိုက်လိုက်သည်

"ဒါလီယာ....ဒါလီယာ....မင်းက မြေခွေးပေါက်လေးဘဲ..."

ထို့နောက်မှာတော့ မွေ့ယာဖြူဖြူထက်တွင် စုံတွဲဟာ လူးလိမ့်နေကြသည်

.......................................................
မင်းထေရန် ဒီနေ့လည်း စောပြန်လာခဲ့ပြန်သည်
ခါတိုင်းဆို တိတ်ဆိတ်စွာ စောင့်နေတတ်တဲ့ တိမ်စိုင်ငယ်ဟာ သူပြန်မလာသေးဘူးထင်၍ ထင်သည်
တီဗွီဖွင့်ကာ ထားသည်

သူ မမြင်ဖူးတဲ့ သူမရဲ့ဘက်ခြမ်းတချို့ကို သူမြင်လာရသည်
သူမဟာ တီဗွီထဲမှ ဒီဇိုင်နာတို့ရဲ့ သင်တန်းဆိုတာကိုစိတ်ဝင်တစားကြည့်၍ နေပြန်သေးသည်

ဆိုဖာပေါ်တွင် မထိုင်ပါဘဲ အေးအောင် ကြမ်းပြင်တွင်သာ ငုတ်တုတ်ကလေးဖြင့်.....

မင်းထေရန် အသံကို တိုးတိတ်စွာ လုပ်ဆောင်ပေမဲ့ သူရဲ့ တန်ဖိုးကြီးရှူးဖိနပ်ဟာ ဘုတ်ခနဲ့ ကြမ်းပြင်ပေါ်ကျလို့သွားရသည်

I married my sister's husband 💚(complete)Where stories live. Discover now