I married my sister's husband 💚Part 15

17.7K 730 57
                                    

I married my sister's husband 💚 Part 15

"ဟင့်အင်း ဒယ်ဒီ ကိုယ်တိုင်ပေး"

"သမီးငယ် ဒယ်ဒီ သမီးမာမီအပေါ် စကားလွန်မိတယ်လေကွာ"

မင်းထေရန်မှာ စိတ်ပူဒေါသ နဲ့ ငယ်လေးအား ပြောခဲ့မိတဲ့စကားတွေမှာ လွန်သွားမိသည်လို့ခံစားမိသည်

ယခုဆိုလျှင် သူမနဲ့ မျက်နှာချင်းမဆိုင်ဖြစ်သည်မှာ တစ်ပတ်လောက်ရှိနေပီ

ရတုလေးကတော့ သူမနေမှ တစ်ဆင့် နောက်ဆုံးပေါ် iphoneကြီးအား ထိုးပေးနေသော သူမဖခင်အား နှုတ်ခမ်းလေးဆူကာသာကြည့်နေမိသည်

"အဲ့တာကြောင့် မာမီကို တအားမဆူပါနဲ့လို့ သမီး အကြိမ်ကြိမ်ပြောနေတာဘဲ"

မင်းထေရန်မှာတော့ ချစ်စဖွယ်သမီးလေးအား ဘာမှမပြောနိုင်တော့

"ဒယ်ဒီ ဒယ်ဒီမှားတာပါ"

ရတုမှာ သက်ပြင်းချနေတဲ့ သူမဖခင်အား မကြည့်ချင်တော့စွာ i phone အားလှမ်းယူလိုက်သည်

"နောက်ခါ မကူညီဘူး ဒယ်ဒီ သမီးက မာမီဘက်ကဘဲ"

မင်းထေရန် လူကြီးလေးလိုလက်ပိုက်မျက်မှောင်ကြုံ့နေတဲ့ သမီးငယ်အား ကြည့်ကာ ရယ်မိသွားသည်

သမီးငယ်လေးဟာ သူ့မာမီကို ငိုအောင်လုပ်လို့ သူ့အားစိတ်ဆိုးနေပုံပေါ်သည်

"အေးပါကွာ"

ရတု အခန်းထဲမှ ထွက်လာပီး ဖုန်းအား ကလိလိုက်သည်

ဖုန်းအသစ်မို့ ဖုန်းထဲမှာဗလာဖြစ်နေသည်
သို့နှင့် သူမလည်း contact listထဲဝင်လိုက်သည်

ထို့နောက် တစ်ခုတည်းသော ထည့်သွင်းထားတဲ့ မင်းထေရန်ဆိုတဲ့ contact nameကိုကြည့်ပီး နှုတ်ခမ်းလေးများက ညဏ်များစွာပြုံးသွားတော့သည်

..........................'...''.................................

မင်းထေရန် အခန်းဝရံတာကနေ ခြံထဲသို့ ကြည့်နေမိသည်

ခြံထဲတွင်တော့ မိန်းမပျိုလေးတစ်ဦးဟာ ပန်းပင်များ ရေလောင်းနေသည်

သူမက သူမရဲ့ အညိုရောင်ဆံနွယ်များအား ခပ်မြင့်မြင့်မြှောက်ကာ စီးထားသည်

I married my sister's husband 💚(complete)Where stories live. Discover now