I married my sister's husband 💚Part 33

17.8K 834 114
                                    

I married my sister's husband 💚Part 33

တိမ်စိုင် ကြက်ကြော်ဆိုင်တွင် ရတုလေးကြိုက်တတ်တာများပါ မှာပီး သားငယ်လေးနဲ့စောင့်ဆိုင်းနေလေသည်

သိပ်မကြာသောအချိန်တွင် အကိုနဲ့ အကို့နောက်က ခပ်ကုပ်ကုပ်လေးလိုက်လာတဲ့ ရတုလေးကိုတွေ့လိုက်ရ၍ ထရပ်မိသွားသည်

ဆိုင်က မှန်သားပြင်များကပ်ထား၍ အပြင်မှလူများက သူမတို့အားမမြင်နိုင်ပါ

အကိုက ဆိုင်ထဲဝင်ခံနီးတွင် ရတုလေးအား တင်းမာတဲ့မျက်နှာထားဖြင့် တစ်ခုခုကို အတန်တန်မှာနေသလိုလုပ်နေသည်

ရတုလေးက ခေါင်းလေးငုံ့ကာ အကို့ စကားများအားခံယူနေသည်

'အကိုက ရတုလေးကိုဆူနေတာလား'

တိမ်စိုင် လက်သီးများဆုပ်သွားရသည်
ပီးမှဆိုင်ထဲကိုဝင်လာတဲ့အကိုသည် ခုဏကမျက်နှာနဲ့ လားလားမျှမတူစွာဖြင့် ပြုံးရွှင်သော မျက်နှာနဲ့ သူမတို့အားကြည့်လာသည်

"ငယ်လေး"

"သမီးငယ်"

မင်းထေရန် သူ့ဆီပြေးလာတဲ့ငယ်လေးကို ဖက်ရန် လက်ကြီးဖြဲထားပေမဲ့ ငယ်လေးက သမီးကိုသာ သွားဖက်သည်

"သမီးငယ် ဘာလို့ထပ်ပိန်သွားရတာလဲ အစားသေချာမစားဘူးလား"
သူမဖက်လိုက်မိတဲ့ ခန္ဓာကိုယ်လေးက ပိုတောင်ပိန်သွားသည်

"ထင်လို့ပါ မာမီ"
အသံဟာ ခပ်ပျော့ပျော့ သူမစိတ်ထဲ အားမလိုအားမရတွေဖြစ်လာသည်

ငယ်ငယ်ကဆို ဘယ်ချိန်ဖက်ဖက် အသားတွေပြည့်နေခဲ့တာပါ

သူမ ရတုလေးလက်ကို ဆွဲကာ စားပွဲခေါ်သွားလိုက်သည်

"ရော့စား"

သူမကိုယ်တိုင် နွှင်ထားတဲ့ ကြက်သားကြော်တွေအား ရှေ့တိုးပေးလိုက်ပီး မှာထားသမျှအစားအသောက်တွေကို ထိုးပေးလိုက်သည်

သမီးငယ်က ဖြည်းဖြည်းချင်းယူကာ စားပုံမှာ ငယ်ငယ်ကလို အားအားရရ မရှိလှပါ

အကိုကတော့ သားကို မုန့်ခွံ့ကျွေးနေသည်

ရတု မာမီ နွှင်ပေးထားတဲ့ ကြက်သားများအားစားနေရင်း မျက်ရည်တွေကျဆင်းလာသည်

I married my sister's husband 💚(complete)Where stories live. Discover now