I married my sister's husband 💚Part8

18.8K 732 40
                                    

I married my sister's husband 💚Part 8

Privateမူကြိုကျောင်းဖြစ်တဲ့ ကျောင်းရဲ့ ပွဲလမ်းသဘင်ဟာ အလွန်ကိုစည်ကားလွန်းလှသည်

တိမ်စိုင် တစ်ခါမှ ဒီလိုလူအုပ်ကြီးကြားထဲ မသွားဖူးတာကြောင့် စိတ်လှုပ်ရှားနေမိသည်

သမီးငယ်လေးလွန်းရတုဟာတော့ ကမှာတဲ့လေ

အခုခန်းမကြီးထဲတွင် ထိုင်ရန်နေရာယူနေခြင်းဖြစ်သည်

သူမတို့ဝင်လာတော့ အားလုံးဟာ ငယ်ရွယ်ချောမောနေတဲ့ မင်းထေရန်အား အကြည့်တွေဝေ့ဝဲလာကြသည်

အကိုဟာတော့ ဘယ်အရာကိုမှ ဂရုမစိုက်သလိုပါဘဲ

"လာ...."

တိမ်စိုင်ရှေ့အား အကို့ရဲ့လက်တစ်ဖက်ဟာ ရောက်လို့လာသည်

"လက်ကိုကိုင် လူတွေပေါ်လဲကျလိမ့်မယ်"

တိမ်စိုင် အကို့မျက်ဝန်းတွေကို ငေးကြည့်မိရာ ငယ်စဉ်က သူမတွေ့ခဲ့ရတဲ့ နူးညံ့မှု တစွန်းတစကို ခဏတာတွေ့လိုက်ရသည်

သို့သော် သူမ လက်ကိုကမ်း၍ မျက်လွှာချပီးသာ မျှော်လင့်ချက်တွေကိုရုပ်သိမ်းလိုက်သည်

အကြိမ်ကြိမ်အခါခါ ရိုက်ချိုးခံခဲ့ရတဲ့ မျှော်လင့်ချက်တွေကို သူမမမျှော်လင့်ရဲတော့ပါ

သူမတို့နေရာယူပီးနောက် ပွဲအစီအစဉ်ဟာစလာတော့သည်

အစပိုင်းတွင် ကလေးများ တစ်ဖွဲ့ပီး တစ်ဖွဲ့တက်လာပီး ကပြကြသည်

သူမလည်း ကလေးငယ်လေးများရဲ့ ချစ်စဖွယ်ကောင်းမှုများကြောင့် ကြည်နူးသဘောကျလာရသည်

မင်းထေရန် သူ့ဘေးမှ မိန်းမငယ်လေးအားကြည့်လိုက်သည်

သူမဟာ ခရမ်းနုရောင် ဂါဝန်လေးကို မရိုးမယဉ်လေးဝတ်ထားပီး ဆံနွယ်များအား ကျစ်ဆံမြီးကျစ်မထားဘဲ ရိုးရိုးသာ မြှင့်စည်းထားသည်
ထို့နောက် ခရမ်းရောင် ဖဲပြားလေးဟာ တလွင့်လွင့်

နုဖတ်နေတဲ့ မျက်နှာလေးဟာ အခုတော့ မိတ်ကပ်ပါးပါးသာတင်ထားသည်

ရုတ်တရက် သူမရဲ့ မျက်ဝန်းလေးများ သူ့စီ ဝေ့လာတော့ သူရှေ့ကို ပြန်လှည့်လိုက်သည်

I married my sister's husband 💚(complete)Where stories live. Discover now