I married my sister's husband 💚Part 19

19.3K 806 106
                                    

I married my sister's husband 💚Part 19

လင်းရောင်နီ အတန်းပီးသွား၍ စာအုပ်များအားသိမ်းဆည်းနေမိသည်

သူမသိမသာ တိမ်စိုင်အား ခိုးကြည့်လိုက်တော့ ဒီနေ့ ပိုမိုမလာဘူးထင်သည် သူမတစ်ယောက်တည်းသာပြန်ရန်ပြင်နေသည်လေ

သူမဟာ ပိုင်ရှင်ရှိသူလို့တွေးကာ စည်းတစ်ခုချကာ ထားလဲ သူချထားတဲ့ စည်းရဲ့ သူ့ဘက်ခြမ်းမှာ သူတစ်ယောက်တည်း ခံစားချက်တွေပိုလာကြောင်းသိရသည်

"ခဏ"

တိမ်စိုင် ဆရာခေါ်တာကြောင့်ရပ်လိုက်မိသည်

"ရော့ ဒီဟာ ဒါက ညီမအတွက် ညီမအရည်အချင်းကို စစ်ဖို့ အကူအညီဖြစ်မှာပါ

သူမဆရာထိုးပေးတဲ့ စာရွက်အားကြည့်တော့ ဒီဇိုင်နာပြိုင်ပွဲတစ်ခုဖြစ်နေသည်

"အဲ့ဒီ့ကနေ အောင်မြင်သွားတဲ့သူတွေ အများကြီးဘဲ ညီမ အနေနဲ့ ကြိုးစားသင့်တယ်"

တိမ်စိုင် သူမစိတ်ထဲပျော်ရွှင်မှု တစ်ခုအား ရှာတွေ့သွားသလိုခံစားမိသည်

ဟိုအရင်ကတော့ ဒီအကျီတွေရေးဆွဲတယ် ချုပ်လုပ်တယ်ဆိုတာဟာ သူမအတွက်တော့ ဘယ်တော့မှမဖြစ်နိုင်တဲ့ အိမ်မက်တစ်ခုလို့တွေးကာ သူမဘာသာ သိမ်းဆည်းထားမိသည်

သို့သော် သူမမှာ မနေနိုင်မထိုင်အောင် ဒီဇိုင်းအမျိုးမျိုးဟာ မတွေးဘဲအလိုလိုနေရင်းပေါ်လာသည်

ထိုအခါမှ သူမရေးခြစ်မိပါသည်
ကျေးဇူးတင်စရာကောင်းစွာဖြင့် အကိုဟာ သူမအားခွင့်ပြုပေးပီး သင်တန်းပင်ထားခဲ့ပေးသည်

ဒီလိုတောင်လုပ်ပေးနေတာကို သူမအနေနဲ့ အခွင့်အရေးထပ်ယူဖို့အဆင်ပြေပါ့မလား တွေးမိသွားရပြန်သည်

"ပြိုင်ကြည့်မယ်မလား"

သူမ ဆရာ့အမေးဟာ ချက်ချင်းမဖြေနိုင်ပါ
အကိုသာ သဘောမတူရင် သူမ အနေနဲ့ ပြိုင်နိုင်မည်မဟုတ်ပါ

"ပီ........ပီ....."

ထိုစဉ် သူမဘေးသို့ အကို့ကားဟာရောက်လာသည်ကြောင့် သူမဆရာ့ အမြန်ပြောလိုက်သည်

"စဉ်း.....စဉ်းစား....ကြည့်...လိုက်ပါ့...မယ်.."

လင်းရောင်နီလည်း သူမအားမတိုက်တွန်းတော့ပါ ကားပေါ်တက်သွားတဲ့ မိန်းကလေးအား ငေးကာသာကြည့်နေမိတော့သည်

I married my sister's husband 💚(complete)Where stories live. Discover now