I married my sister's husband💚Part 2

20.5K 627 17
                                    

I married my sister's husband 💚Part2

သူမ ကလေးထိန်းအဒေါ်ဆီမှ မွေးကင်းစကလေးပြုစုနည်းများအား စာအုပ်လေးနဲ့ ချမှတ်နေမိသည်

တော်သေးသည်က ဒေါ်ဒေါ်မှာ သူမ တစ်လုံးချင်းပြောနေတဲ့စကားစုများအား စိတ်ရှည်စွာ နားထောင်ရှင်းပြပေး၍ ပျော်ရွှင်မိသည်

ခုဆိုလျှင် သူမ သမီးငယ်လေး လွန်းရတုကို မည်သို့ဂရုစိုက်ပေးရမည်ကိုအတော်သိနေပီဖြစ်သည်

ဒေါ်လုံးမှာ သူမရှေ့က ထစ်အစွာပြန်မေးနေတဲ့မိန်းမငယ်လေးအပေါ်စိတ်မရှည်မဖြစ်မိပါ

မယားငယ်မလေးလို့စကားသံတွေကြားပေမဲ့ သူမရှေ့ရှိကလေးမလေးရဲ့ဖြူစင်မှုကိုမြင်နေရသည်ကြောင့်ဘေးစကားတွေအပေါ် ဂရုမထားမိပါ

"ဒါ.....ဒါဆို........နို့မှုန့်......မှုန့်က ဒီလောက်.....ရ ...ရပီပေါ့..ပေါ့နော်"

"ရပီ အများကြီးထည့်နေစရာမလိုဘူး မတိုက်ခင်ကြိုဖျော်ထားဖို့လိုတယ်"

စသဖြင့် ဒိုက်ပါလဲတာကအစ ကလေးချီနည်း ချော့နည်းများအား ကလေးမလေးက သေချာသင်ယူသည်

"သမီးအသက်ဘယ်လောက်လဲ"

စာအုပ်ကိုရေးခြစ်နေတဲ့လက်လေးများကရပ်သွားပီး သူမအားမော့ကြည့်လာသည်

"ဆယ့်.....ဆယ့်ခွန်....."

ဒေါ်လုံးမှာ ရုတ်တရက် ရင်ဘတ်​ပေါ်လက်တင်မိသွားသည်

၁၆နှစ်ဆို တရားဝင်ပီဆိုပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ်၁၇နှစ်အရွယ် ကလေးမလေးကို မယားငယ်ဖြစ်ခိုင်းစရာလားလေ ကြောက်စရာလူတွေပါလား

သူမလည်း ညနေစောင်း၍ အလုပ်ကပြန်မည်ပြုချိန်မှာ သူမလက်အားလာဆွဲသည်

"ထ.......ထမင်း.....စား..."
ပြောရင်းနဲ့ တိမ်စိုင် အသက်ရှူကြပ်လာသလိုခံစားမိသည် ဒီနေ့စကားအများကြီးပြောမိလို့လား

"ထမင်းစားသွားစေချင်တာလား သမီး"
ဒေါ်လုံးမှာနားလည်စွာပြောလာသည်ကြောင့် သူမပျော်ရွှင်စွာခေါင်းငြိမ့်ပြလိုက်သည်

"ကောင်းပါပီကွယ် စားသွားတာပေါ့"

တိမ်စိုင်သူမရှေ့ကကြင်နာလှတဲ့ဒေါ်ဒေါ်အားကြည့်ပီး ခင်တွယ်လာမိသည်

I married my sister's husband 💚(complete)Where stories live. Discover now