I married my sister's husband 💚Part4

17.7K 592 8
                                    

I married my sister's husband 💚Part4

သူမဗိုက်ဆာနေလေသည်
သူမရဲ့ သေးကွေးတဲ့ လက်လေးတွေက ဆာလောင်မှုကြောင့် တုန်ရီကာနေသည်

သူမ အိမ်ထဲကိုငေးကာကြည့်တော့ အိပ်ပျော်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ရသည်

ထိုအမျိုးသမီးဟာ သူမအမေပါဘဲ
ထိုစဉ်သူမနှာခေါင်းထဲက ဟင်းနံ့မွှေးမွှေးလေးရလာသည်ကြောင့် သူမ အနံ့နောက်လိုက်မိသည်

ဘေးအိမ်ကပါဘဲ ငါးပိကြော်နေတာ ဖြစ်သည်
သူမ ဗိုက်လေးက အသံများမြည်လာပီး ခြံစည်းရိုးနားကပ်ကာခေါင်းလေးမျှော်ပီး တစ်ဖက်အိမ် မီးဖိုချောင်ပြတင်းပေါက်ကိုကြည့်လိုက်မိသည်

အဲ့အိမ်က ချက်နေတဲ့ ဟင်းနံ့တွေဟာ သူမတို့အိမ်ဘက်ကိုအမြဲ ပျံ့လွင့်လာလေ့ရှိသည်

တိမ်စိုင် ရနေတဲ့ ဟင်းနံ့များအား မလုံလောက်စွာ ကျောက်တုံးလေးပေါ်တက်ပီး ဘေးအိမ်ကို မျှော်ကြည့်မိသည်

အနံ့များအားရှူမိတဲ့အခါ ဆာလောင်နေခြင်းက အနည်းငယ် သက်သာသလိုခံစားရသည်

"ဝုန်း"

သို့သော် မီးဖိုချောင်တံခါးဟာ ဝုန်းခနဲပိတ်ခြင်းသာခံလိုက်ရပီး ဟင်းနံ့များမရတော့ပါ

တိမ်စိုင် ကျောက်တုံးလေးပေါ်ကဘဲ ဆင်းပီး အိမ်ထဲသို့တရွေ့ရွေ့ဝင်လာကာ ကြည့်လိုက်သည်

သူမမိခင်ဟာ ထထိုင်ပီး ပြတင်းပေါက်ကို ငေးနေတာကြောင့် အားတက်သွားရသည်

သူမအမေစိတ်ကြည်နေရင်တော့ သူမအား စားစရာတစ်ခုခုလုပ်ပေးသည်လေ

ထိုအမျိုးသမီးနားသို့ သူမတရွေ့ရွေ့တိုးသွားကာ
ကုတင်နားအရောက်တွင် လှမ်းကာခေါ်လိုက်သည်

"မေ.....မေမေ....."

ထိုအမျိုးသမီးဟာ စူးရဲစွာနဲ့ သူမအားလှည့်ကြည့်လာသည်

သူမကြောက်ရွံ့သွားပေမဲ့ အားတင်းကာ
"ဗိုက်....ဗိုက်ဆာ...တယ်...."

"ခွမ်း....အင့်...."
တုံ့ပြန်မှုအဖြစ် သူမဟာ ဘေးနားက ဖန်ခွက်နဲ့အပေါက်ခံလိုက်ရသည်

"ငါနင့်ကို မပြောဘူးလား ငါ့နားကပ်မလာနဲ့လို့"

တိမ်စိုင် ဒူးထောက်ရက်လေးကျနေကာ သူမနဖူးလေးမှထွက်နေတဲ့ သွေးများကို အုပ်ကိုင်ထားမိသည်

I married my sister's husband 💚(complete)Where stories live. Discover now